ေဆာ္ဒီအာေရဗ် သတင္းေထာက္ တူရကီရွိ ေဆာ္ဒီသံ႐ံုးအတြင္း ရန္ျဖစ္လို႔ ေသဆံုး

0
116

တူရကီႏိုင္ငံ အစၥတန္ဘူလ္က ေဆာ္ဒီအာေရဗ် ေကာင္စစ္္ဝန္႐ုံးအတြင္းမွာ ေဆာ္ဒီသတင္းေထာက္ ဂ်ာမယ္ခါ႐ႊတ္ဂီဟာ ခုိက္ရန္ျဖစ္ၿပီး ေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ ေဆာ္ဒီအာေရဗ် ႏိုင္ငံပုိင္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

သတင္းေထာက္ ခါရႊတ္ဂီဟာ သူနဲ႔ ေစ့စပ္ထားတဲ့ ဟာတစ္ကန္ဂ်စ္နဲ႔ လက္ထပ္ဖို႔ မွတ္တမ္းမွတ္ရာေတြ လုိအပ္တာေၾကာင့္ ေအာက္တိုဘာ ၂ ရက္မွာ ေဆာ္ဒီေကာင္၀န္႐ုံးဆီ လာယူတာ ျဖစ္ပါတယ္။

ဝါရွင္တန္ပို႔စ္သတင္းစာႀကီးရဲ႕ ေကာ္လံစား သတင္းေထာက္ျဖစ္တဲ့ ခါ႐ႊတ္ဂီဟာ ေကာင္စစ္၀န္႐ုံးအတြင္း ဝင္သြားၿပီး သုံးနာရီေလာက္ ၾကာတဲ့အထိ မထြက္လာတာေၾကာင့္ အျပင္မွာ ေစာင့္ဆုိင္းေနတဲ့ ဟာတစ္ကန္ဂ်စ္ဟာ တူရကီရဲဌာနကို ဖုန္းဆက္တုိင္တန္းခဲ့ပါတယ္။

ေကာင္စစ္ဝန္႐ုံးအတြင္းမွာ ခါ႐ႊတ္ဂီဟာ သူ႔ကို လက္ခံေတြ႔ဆုံတဲ့သူေတြ အျငင္းအခုံျဖစ္ရာက ခုိက္ရန္ျဖစ္ၿပီး ေနာက္ဆုံး ခါရႊတ္ဂီ ေသဆုံးခဲ့ရျခင္း ျဖစ္ေၾကာင္း ေရွ႕ေနခ်ဳပ္႐ုံးကို ကိုးကားၿပီး ေဆာ္ဒီသတင္းေအဂ်င္စီ SPA က သတင္းေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျ သတင်းထောက် တူရကီရှိ ဆော်ဒီသံရုံးအတွင်း ရန်ဖြစ်လို့ သေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်က ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးအတွင်းမှာ ဆော်ဒီသတင်းထောက် ဂျာမယ်ခါရွှတ်ဂီဟာ ခိုက်ရန်ဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်းထောက် ခါရွှတ်ဂီဟာ သူနဲ့ စေ့စပ်ထားတဲ့ ဟာတစ်ကန်ဂျစ်နဲ့ လက်ထပ်ဖို့ မှတ်တမ်းမှတ်ရာတွေ လိုအပ်တာကြောင့် အောက်တိုဘာ ၂ ရက်မှာ ဆော်ဒီကောင်ဝန်ရုံးဆီ လာယူတာ ဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းစာကြီးရဲ့ ကော်လံစား သတင်းထောက်ဖြစ်တဲ့ ခါရွှတ်ဂီဟာ ကောင်စစ်ဝန်ရုံးအတွင်း ဝင်သွားပြီး သုံးနာရီလောက် ကြာတဲ့အထိ မထွက်လာတာကြောင့် အပြင်မှာ စောင့်ဆိုင်းနေတဲ့ ဟာတစ်ကန်ဂျစ်ဟာ တူရကီရဲဌာနကို ဖုန်းဆက်တိုင်တန်းခဲ့ပါတယ်။

ကောင်စစ်ဝန်ရုံးအတွင်းမှာ ခါရွှတ်ဂီဟာ သူ့ကို လက်ခံတွေ့ဆုံတဲ့သူတွေ အငြင်းအခုံဖြစ်ရာက ခိုက်ရန်ဖြစ်ပြီး နောက်ဆုံး ခါရွှတ်ဂီ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ရှေ့နေချုပ်ရုံးကို ကိုးကားပြီး ဆော်ဒီသတင်းအေဂျင်စီ SPA က သတင်းဖော်ပြပါတယ်။

?bph6