မင္းသမီး ဖန္ဘင္းဘင္း အခြန္တိမ္းေရွာင္မႈ တ႐ုတ္အခြန္ဌာန တာဝန္ရွိသူေတြ အျပစ္ေပးခံရ

0
177

တ႐ုတ္အစိုးရက ကမာၻေက်ာ္ ႐ုပ္ရွင္မင္းသမီး ဖန္ဘင္းဘင္း အခြန္တိမ္းေရွာင္တဲ့ကိစၥနဲ႔ ဆက္စပ္ၿပီး ဝူရွီျပည္နယ္ အခြန္ဌာနက တာဝန္ရွိသူေတြကိုပါ အျပစ္ေပးလုိက္ပါတယ္။

မင္းသမီး ဖန္ဘင္းဘင္း အခြန္တိမ္းေရွာင္မႈမွာ စီမံခန္႔ခြဲမႈ အားနည္းခဲ့လို႔ အျပစ္ေပးခံရတာ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံပိုင္ မီဒီယာက ေဖာ္ျပခဲ့ပါတယ္။ ဝူရွီၿမိဳ႕ အခြန္ဌာနအႀကီးအကဲ အပါအဝင္ အနည္းဆံုး ၅ ဦးဟာ အက်င့္ပ်က္ လာဘ္စားတာေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။

မင္းသမီး ဖန္ဘင္းဘင္းဟာ အခြန္တိမ္းေရွာင္မႈေတြအတြက္ တ႐ုတ္အစိုးရက အေမရိကန္ ေဒၚလာ ၁၂၉ သန္း ေပးဖုိ႔ ဒဏ္ေငြ ခ်မွတ္ခဲ့ပါတယ္။ သတ္မွတ္ထားတဲ့ ေငြဒဏ္ကို ေပးေဆာင္မႈ မရွိဘူးဆုိရင္ ဖန္ဘင္းဘင္းကို တုိးျမွင့္ျပစ္ဒဏ္ ခ်မွတ္ဖြယ္ရွိတယ္လို႔ တ႐ုတ္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဒဏ္ေငြေဆာင္ႏိုင္ဖို႔ ဖန္ဘင္းဘင္းဟာ သူပိုင္ တိုက္ခန္း ၄၁ ခန္းကို ေရာင္းခ်ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်းသမီး ဖန်ဘင်းဘင်း အခွန်တိမ်းရှောင်မှု တရုတ်အခွန်ဌာန တာဝန်ရှိသူတွေ အပြစ်ပေးခံရ

တရုတ်အစိုးရက ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဖန်ဘင်းဘင်း အခွန်တိမ်းရှောင်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး ဝူရှီပြည်နယ် အခွန်ဌာနက တာဝန်ရှိသူတွေကိုပါ အပြစ်ပေးလိုက်ပါတယ်။

မင်းသမီး ဖန်ဘင်းဘင်း အခွန်တိမ်းရှောင်မှုမှာ စီမံခန့်ခွဲမှု အားနည်းခဲ့လို့ အပြစ်ပေးခံရတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဝူရှီမြို့ အခွန်ဌာနအကြီးအကဲ အပါအဝင် အနည်းဆုံး ၅ ဦးဟာ အကျင့်ပျက် လာဘ်စားတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မင်းသမီး ဖန်ဘင်းဘင်းဟာ အခွန်တိမ်းရှောင်မှုတွေ အတွက် တရုတ်အစိုးရက အမေရိကန် ဒေါ်လာ ၁၂၉ သန်း ပေးဖို့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ ငွေဒဏ်ကို ပေးဆောင်မှု မရှိဘူးဆိုရင် ဖန်ဘင်းဘင်းကို တိုးမြှင့်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိတယ်လို့ တရုတ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒဏ်ငွေဆောင်နိုင်ဖို့ ဖန်ဘင်းဘင်းဟာ သူပိုင် တိုက်ခန်း ၄၁ ခန်းကို ရောင်းချနေပါတယ်။

?bph6