
0
170




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချစ်သူဟောင်းကို တောင်ကိုရီးယား မင်းသမီး ဂိုဟာရာ အမှုဖွင့်

ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ ကာရာအဖွဲ့ဝင်ဟောင်း တောင်ကိုရီးယား မင်းသမီး ဂိုဟာရာဟာ သူရဲ့ ချစ်သူဟောင်းကို တရားစွဲလိုက်ပါတယ်။

ဂိုဟာရာကို သူရဲ့ ချစ်သူဟောင်းက လိင်ဆက်ဆံတာကို ရုပ်ကူးထားတဲ့ ရုပ်သံဖိုင်ကို ဖြန့်ဝေမယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တာကြောင့် ဂမ်နမ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ချစ်သူဟောင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပြင် ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဂိုဟာရာက ပြောပါတယ်။ ချစ်သူဟောင်းဖြစ်သူကလည်း ဂိုဟာရာက သူ့ကို တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၁၃ ရက်နေ့က တရားစွဲခဲ့ကာ မျက်နှာက အမာရွတ်နဲ့ ဒဏ်ရာတွေကို ရိုက်ထားတဲ့ပုံကို ဖြန့်ခဲ့ပါတယ်။

?bph6