
0
202




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မော်ဒယ် ကင်မ် ကာဒက်ရှီယန်ရဲ့ ကိုယ်ရံတော် တရားစွဲခံရ

ကမ္ဘာကျော် မော်ဒယ်တစ်ဦးဖြစ်သူ ကင်မ် ကာဒက်ရှီယန်ရဲ့ သက်တော်စောင့်ကို ကာဒက်ရှိယန်အတွက် အာမခံရယူပေးထားတဲ့ အာမခံကုမ္ပဏီက တရားစွဲလိုက်ပါတယ်။

အာမခံကုမ္ပဏီ AIG က ကာဒက်ရှီယန်ကို အာမခံ ယူထားတဲ့ ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က ကာဒက်ရှီယန် ပြင်သစ်နိုင်ငံမှာ ဓားပြတိုက်ခံရတာနဲ့ ပတ်သက်လို့ သက်တော်စောင့် ပါစကယ် ဒူဗီယာကို ပေါင် ၄ ဒသမ ၇ သန်း ရလိုမှုနဲ့ တရားစွဲခဲ့တာပါ၊

သက်တော်စောင့် ကာဒက်ရှီယန် အခန်းအတွင်း ဓားပြတိုက်ခံရချိန်မှာ ကာကွယ်ပေးနိုင်မှု မရှိကြောင်း အာမခံကုမ္ပဏီက ပြောပါတယ်။ ဓားပြတိုက်မှု ဖြစ်ပွားချိန်မှာ သက်တော်စောင့် ဒူဗီယာဟာ ကာဒက်ရှီယန်ရဲ့ ညီမဖြစ်သူနဲ့အတူ ရှိနေခဲ့ပါတယ်။

?bph6