တြဲဖက္ေလယာဥ္မွဴး ရာထူးေလွ်ာက္ထားတဲ့ အမ်ိဳးသမီးဦးေရ ၂၄ နာရီအတြင္း ၁ ေထာင္ခန္႔ရွိ

0
148

တြဲဖက္ ေလယာဥ္မွဴး ေနရာအတြက္ လူသစ္ေခၚရာမွာ ၂၄ နာရီအတြင္း အလုပ္ေလွ်ာက္ထားတဲ့ အမ်ိဳးသမီး ေလယာဥ္မွဴး ၁ ေထာင္နီးပါးရွိတယ္လို႔ ေဆာ္ဒီအာေရဗ် အေျခစိုက္ ဖလိုင္းနပ္စ္ (Flynus) ေလေၾကာင္းလိုင္းက ေျပာပါတယ္။

ေဆာ္ဒီအာေရဗ်မွာ အမ်ိဳးသမီးေတြအေပၚ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြ ေျဖေလ်ာ့ေပးဖို႔ ႀကိဳးစားေနတဲ့ ရလဒ္ျဖစ္ပါတယ္။ ဖလိုင္းနပ္စ္ ေလေၾကာင္းလိုင္းဟာ ပထမဆံုးအႀကိမ္အျဖစ္ ေဆာဒီ ေလယာဥ္မယ္နဲ႔ ေဆာ္ဒီ တြဲဖက္ ေလယာဥ္မွဴးေတြကို ေခၚယူတာ ျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ် ႏိုင္ငံမွာ အမ်ိဳးသမီးေတြကို ေနရာေပးလာတဲ့ ျပဳျပင္ေျပာင္းလဲမႈကို အားေပးတဲ့အေနနဲ႔ အလုပ္ေခၚယူတာ ျဖစ္ၿပီး အမ်ိဳးသမီးေတြဟာ ေလေၾကာင္းလိုင္း ေအာင္ျမင္မႈအတြက္ အဓိက အစိတ္အပိုင္း ျဖစ္တယ္လို႔ ေလေၾကာင္းလိုင္းက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ ၂၄ ရက္ေန႔မွာ ေဆာ္ဒီ အမ်ိဳးသမီးေတြကို ကားေမာင္းခြင့္ စတင္ ခြင့္ျပဳေပးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တွဲဖက်လေယာဉ်မှူး ရာထူးလျှောက်ထားတဲ့ အမျိုးသမီးဦးရေ ၂၄ နာရီအတွင်း ၁ ထောင်ခန့်ရှိ

တွဲဖက် လေယာဉ်မှူး နေရာအတွက် လူသစ်ခေါ်ရာမှာ ၂၄ နာရီအတွင်း အလုပ်လျှောက်ထားတဲ့ အမျိုးသမီး လေယာဉ်မှူး ၁ ထောင်နီးပါးရှိတယ်လို့ ဆော်ဒီအာရေဗျ အခြေစိုက် ဖလိုင်းနပ်စ် (Flynus) လေကြောင်းလိုင်းက ပြောပါတယ်။

ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ဖြေလျော့ပေးဖို့ ကြိုးစားနေတဲ့ ရလဒ်ဖြစ်ပါတယ်။ ဖလိုင်းနပ်စ် လေကြောင်းလိုင်းဟာ ပထမဆုံးအကြိမ်အဖြစ် ဆောဒီ လေယာဉ်မယ်နဲ့ ဆော်ဒီ တွဲဖက် လေယာဉ်မှူးတွေကို ခေါ်ယူတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာ အမျိုးသမီးတွေကို နေရာပေးလာတဲ့ ပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့အနေနဲ့ အလုပ်ခေါ်ယူတာ ဖြစ်ပြီး အမျိုးသမီးတွေဟာ လေကြောင်းလိုင်း အောင်မြင်မှုအတွက် အဓိက အစိတ်အပိုင်း ဖြစ်တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ ဆော်ဒီ အမျိုးသမီးတွေကို ကားမောင်းခွင့် စတင် ခွင့်ပြုပေးခဲ့ပါတယ်။