
0
176


 



>>>>>>>>>>>>>>>>>>>>>

ရေကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ စံချိန်ကို ၁၀ နှစ်အရွယ်ကလေး ချိုးပြ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၁၀ နှစ်အရွယ်သာ ရှိသေးတဲ့ ကလာ့ခ် ခန့်ဟာ အိုလံပစ် ရေးကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ ရေကူးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

စူပါမန်းလို့ ချစ်စနိုး အခေါ်ခံရတဲ့ လူငယ်လေးဟာ Far West အင်တာနေရှင်းနယ် ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ မိုက်ကယ်ဖဲလ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရေကူးပြိုင်ပွဲရဲ့ လိပ်ပြာကူး ပြိုင်ပွဲမှာ ကလာ့ခ် ခန့်ဟာ မိုက်ကယ်ဖဲလ်ရဲ့ ရေကူးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလာ့ခ် ခန့်ဟာ ၁၉၉၅ ခုနှစ်က အိုလံပစ် ရေကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ ရေကူးစံချိန်ကို ၂၃ နှစ်ကြာပြီးချိန်မှာ ချိုးဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ်ဖဲလ်ဟာ အိုလံပစ်ရေးကူးပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၂၈ ဆု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကလာ့ခ် ခန့်ရဲ့ နည်းပြက သူအနေနဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ကလေးတွေထဲမှာ ကလာ့ခ် ခန့်လို ရှိလာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

?bph6