လူ႔အခြင့္ေရးအဖြဲ႔ေတြဟာ မူးယစ္ရာဇာေတြရဲ႕ နယ္႐ုပ္ျဖစ္လာတယ္လို႔ ဖိလစ္ပိုင္ ေဝဖန္

0
729

လူ႔အခြင့္အေရး အဖြဲ႔ေတြဟာ မူးယစ္ရာဇာေတြ လက္တြင္းက နယ္႐ုပ္ေလးေတြ ျဖစ္လာတယ္လို႔ ဖိလစ္ပိုင္အစိုးရက ေဝဖန္လုိက္ပါတယ္။

၂၀၁၆ ခုႏွစ္ ဇြန္လအတြင္း ရာထူး စတင္ယူခ်ိန္ကစၿပီး သမၼတ ဒူတာေတး ဆင္ႏႊဲခဲ့တဲ့ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ပြဲအတြင္း လူ ၄၀၀၀ ေက်ာ္ ေသဆုံးခဲ့တဲ့အနက္ တျခား အမည္မေဖာ္တဲ့ အုပ္စုေတြရဲ႕ သတ္ျဖတ္မႈေတြေၾကာင့္ ေသဆံုးသူ ၃၀၀၀ ခန္႔ ရွိတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေဝဖန္ခဲ့ပါတယ္။

အစိုးရက လုပ္ေဆာင္ေနတဲ့ မူးယစ္စစ္ပြဲကို အဟန္႔အတား ျဖစ္ေအာင္ တခ်ိဳ႕ လူ႔အခြင့္အေရး အုပ္စုေတြက မူးယစ္ရာဇာေတြရဲ႕ အသံုးခ်ခံဘဝ ေရာက္ေနတယ္လုိ႔ သမၼတ ေျပာေရးဆိုခြင့္ရွိသူ ဟာလီ႐ုက ေျပာပါတယ္။

မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လုိ႔ ကုိင္တြယ္မႈေတြကို အခုလို ဆက္ျဖစ္ေနရင္ အဲဒီ မူးယစ္ရာဇာေတြက အစိုးရကို  ဆန္႔က်င္ကာ မတည္ၿငိမ္ေအာင္ လုပ္ေဆာင္လာႏုိင္ၿပီး မူးယစ္ေဆးဝါးကို အရင္းခံကာ ရန္ပုံေငြ အလြယ္တကူ ေထာက္ပံ့လာႏိုင္တယ္လို႔လည္း ဖိလစ္ပိုင္သမၼတ ေျပာေရးဆုိခြင့္ရွိသူက ေျပာဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ့အခွင့်ရေးအဖွဲ့တွေဟာ မူးယစ်ရာဇာတွေရဲ့ နယ်ရုပ်ဖြစ်လာတယ်လို့ ဖိလစ်ပိုင် ဝေဖန်

လူ့အခွင့်အရေး အဖွဲ့တွေဟာ မူးယစ်ရာဇာတွေ လက်တွင်းက နယ်ရုပ်လေးတွေ ဖြစ်လာတယ်လို့ ဖိလစ်ပိုင်အစိုးရက ဝေဖန်လိုက်ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လအတွင်း ရာထူး စတင်ယူချိန်ကစပြီး သမ္မတ ဒူတာတေး ဆင်နွှဲခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း လူ ၄၀ဝ၀ ကျော် သေဆုံးခဲ့တဲ့အနက် တခြား အမည်မဖော်တဲ့ အုပ်စုတွေရဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၃၀ဝ၀ ခန့် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

အစိုးရက လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲကို အဟန့်အတား ဖြစ်အောင် တချို့ လူ့အခွင့်အရေး အုပ်စုတွေက မူးယစ်ရာဇာတွေရဲ့ အသုံးချခံဘဝ ရောက်နေတယ်လို့ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာလီရုက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကိုင်တွယ်မှုတွေကို အခုလို ဆက်ဖြစ်နေရင် အဲဒီ မူးယစ်ရာဇာတွေက အစိုးရကို ဆန့်ကျင်ကာ မတည်ငြိမ်အောင် လုပ်ဆောင်လာနိုင်ပြီး မူးယစ်ဆေးဝါးကို အရင်းခံကာ ရန်ပုံငွေ အလွယ်တကူ ထောက်ပံ့လာနိုင်တယ်လို့လည်း ဖိလစ်ပိုင်သမ္မတ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။