
0
827




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကေတီ ပယ်ရီရဲ့ အနမ်းကြောင့် စိတ်မသက်မသာ ဖြစ်တယ်လို့ Idol ပြိုင်ပွဲဝင် ပြော

ကမ္ဘာကျော် အဆိုတော် ကေတီ ပယ်ရီရဲ့ အနမ်းပေးမှုကို စိတ်မသက်မသာဖြစ်ပြီး မပျော်ခဲ့ဘူးလို့ အမေရိကန် Idol ပြိုင်ပွဲဝင် ဆယ်ကျော်သက် လူငယ်က ပြောပါတယ်။

ကေတီ ပယ်ရီက အမေရိကန် Idol ပွဲမှာ အသက် ၁၉ နှစ်အရွယ် ဘင်ဂျမင် ဂလေ့ဇ်ကို အနမ်းပေးခဲ့တာဖြစ်ပြီး ဂလေ့ဇ်က ကေတီ ပယ်ရီရဲ့ အနမ်းပေးခံရမှုအပေါ် သူရဲ့ဘဝမှာ သက်တောင့်သက်သာ မရှိဆုံး အချိန်ကာလဖြစ်ကာ စိတ်ကသိကအောက် ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။

ပြိုင်ပွဲဝင် ဂလေ့ဇ်က သူ့အနေနဲ့ ချစ်သူ မရှိသေးတာကြောင့် တခြား မိန်းကလေးတစ်ဦးကို ဘယ်တော့မှ အနမ်းပေးခဲ့ဖူးတာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။