ဘယ္ေတာ့ အိမ္ေထာင္ျပဳမလဲ ခဏခဏေမးတဲ့ အိမ္နီးခ်င္း အသတ္ခံရ

0
34468

အင္ဒိုနီးရွားႏိုင္ငံမွာ ဘယ္ေတာ့ အိမ္ေထာင္ျပဳမလဲလို႔ ခဏခဏ ေမးတဲ့ အိမ္နီးခ်င္း ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို အေမးခံရတဲ့ အမ်ိဳးသားက သတ္လိုက္ပါတယ္။

ကမ္ပြန္ ပါဆာ ဂ်ံဳးမွာ ေနတဲ့ ဖာအစ္ဇ္ ႏူရ္ဒင္ (၂၈) ႏွစ္က ဘယ္ေတာ့ အိမ္ေထာင္ျပဳမလဲ ခဏခဏ ေမးတဲ့ အိမ္နီးခ်င္းရဲ႕ ေမးခြန္းဟာ သူ႔ကို ေစာ္ကားေနတယ္လို႔ ခံစားရတဲ့အတြက္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး အိုက္ဆီယာ (၃၂ ႏွစ္) ကို သတ္လိုက္တာ ျဖစ္ပါတယ္။

ဖာအစ္ဇ္က အိမ္ေရွ႕မွာ ထိုင္ေနစဥ္ အိမ္ေရွ႕က ျဖတ္သြားတဲ့ ဆိုက္ဆီယာက ျမန္ျမန္အိမ္ေထာင္ျပဳေတာ့ေလ၊ တျခားသူေတြ အိမ္ေထာင္က်ကုန္ၿပီ၊ ခုထိ မိန္းမ မယူေသးဘူးလားလို႔ ေမးခဲ့ေၾကာင္း ဖာအစ္ဇ္က ထြက္ဆိုတယ္လို႔ ရဲက ေျပာပါတယ္။

အဲဒီေနာက္ ဖာအစ္ဇ္က အိုက္ဆီယာအိမ္ကို သြားလည္ၿပီး အခန္းထဲက အိပ္ယာေပၚ တြန္းလဲကာ လည္ပင္းညွစ္သတ္ခဲ့တာ ျဖစ္ပါတယ္။ သတ္ျဖတ္တဲ့အျပင္ အိုက္ဆီယာရဲ႕ စမတ္ဖုန္းနဲ႔ ေငြတစ္ခ်ိဳ႕ကိုလည္း ယူခဲ့ပါတယ္။

ဖာအစ္ဇ္က ကာလီဒါရက္စ္ကို ထြက္ေျပးခဲ့တဲ့အတြက္ ရဲေတြက သူ႔ေျခေထာက္ကို ပစ္ခတ္ၿပီး ဖမ္းခဲ့ရပါတယ္။ ဖာအစ္ဇ္က ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ တစ္သက္တစ္ကြ်န္း က်ခံရဖြယ္ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘယ်တော့ အိမ်ထောင်ပြုမလဲ ခနခနမေးတဲ့ အိမ်နီးချင်း အသတ်ခံရ

အင်ဒိုနီးရှားနိုင်ငံမှာ ဘယ်တော့ အိမ်ထောင်ပြုမလဲလို့ ခနခန မေးတဲ့ အိမ်နီးချင်း ကိုယ်ဝန်ဆောင် အမျိုးသမီးကို အမေးခံရတဲ့ အမျိုးသားက သတ်လိုက်ပါတယ်။

ကမ်ပွန် ပါဆာ ဂျုံးမှာ နေတဲ့ ဖာအစ်ဇ် နူရ်ဒင် (၂၈) နှစ်က ဘယ်တော့ အိမ်ထောင်ပြုမလဲ ခနခန မေးတဲ့ အိမ်နီးချင်းရဲ့ မေးခွန်းဟာ သူ့ကို စော်ကားနေတယ်လို့ ခံစားရတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီး အိုက်ဆီယာ (၃၂ နှစ်) ကို သတ်လိုက်တာ ဖြစ်ပါတယ်။

ဖာအစ်ဇ်က အိမ်ရှေ့မှာ ထိုင်နေစဉ် အိမ်ရှေ့က ဖြတ်သွားတဲ့ ဆိုက်ဆီယာက မြန်မြန်အိမ်ထောင်ပြုတော့လေ၊ တခြားသူတွေ အိမ်ထောင်ကျကုန်ပြီ၊ ခုထိ မိန်းမ မယူသေးဘူးလားလို့ မေးခဲ့ကြောင်း ဖာအစ်ဇ်က ထွက်ဆိုတယ်လို့ ရဲက ပြောပါတယ်။

အဲဒီနောက် ဖာအစ်ဇ်က အိုက်ဆီယာအိမ်ကို သွားလည်ပြီး အခန်းထဲက အိပ်ယာပေါ် တွန်းလဲကာ လည်ပင်းညှစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ သတ်ဖြတ်တဲ့အပြင် အိုက်ဆီယာရဲ့ စမတ်ဖုန်းနဲ့ ငွေတစ်ချို့ကိုလည်း ယူခဲ့ပါတယ်။

ဖာအစ်ဇ်က ကာလီဒါရက်စ်ကို ထွက်ပြေးခဲ့တဲ့အတွက် ရဲတွေက သူ့ခြေထောက်ကို ပစ်ခတ်ပြီး ဖမ်းခဲ့ရပါတယ်။ ဖာအစ်ဇ်က ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိပါတယ်။