မာရာဝီၿမိဳ႕ ျပန္သိမ္းပိုက္မႈမွာ တ႐ုတ္ အဓိက ကူညီခဲ့တယ္လို႔ သမၼတ ဒူတာေတး ေျပာ

0
275

ဖိလစ္ပိုင္ သမၼတ  ဒူတာေတးက  တ႐ုတ္ႏုိင္ငံဟာ  စစ္ေသြးၾကြေတြ လက္ထဲကေန မာရာဝီၿမိဳ႕ကို ျပန္သိမ္းပိုက္ႏုိင္မႈအတြက္ အေရးပါတဲ့ ေနရာမွာ ရွိေနတယ္လို႔ ေျပာဆုိလိုက္ပါတယ္။   

ဖိလစ္ပုိင္ အစိုးရ တပ္ဖြဲ႔ဟာ မာရာဝီၿမိဳ႕ကို ျပန္သိမ္းပိုက္ႏုိင္ဖုိ႔   စစ္ေသြးၾကြေတြနဲ႔ ၅ လၾကာ တုိက္ခုိက္ၿပီးေနာက္ ျပန္သိမ္းပိုက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

 တ႐ုတ္ႏုိင္ငံဟာ မာရာဝီၿမိဳ႕ကို ျပန္သိမ္းပိုက္ႏိုင္ဖုိ႔ ဖိလစ္ပိုင္ႏုိင္ငံကို လက္နက္ေတြ ေထာက္ပံ့ေပးခဲ့ၿပီး အဲဒီ ေထာက္ပံ့မႈေတြက  ၿမိဳ႕ကို ျပန္သိမ္းပိုက္ႏုိင္ဖုိ႔ အေရးပါခဲ့တာလို႔ ဖိလစ္ပိုင္ သမၼတက ေျပာပါတယ္။

ဖိလစ္ပိုင္ သမၼတဟာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခက်န္း မနီလာၿမိ္ဳ႕ကို ေရာက္ရွိလာခ်ိန္မွာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံက ကူညီေပးခဲ့တဲ့ စႏိုက္ပါ ေသနတ္ေတြဟာ စစ္ေသြးၾကြေတြကို တစ္ဦးခ်င္း သုတ္သင္ရာမွာ ထိေရာက္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ တ႐ုတ္က ေပးထားတဲ့ လက္နက္ေတြကို ရဲတပ္ဖြဲ႔ဆီ လႊဲေျပာင္းေပးထားတယ္လို႔  ဖိလစ္ပုိင္ ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာရာဝီမြို့ ပြန်သိမ်းပိုက်မှုမှာ တရုတ် အဓိက ကူညီခဲ့တယ်လို့ သမ္မတ ဒူတာတေး ပြော

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက တရုတ်နိုင်ငံဟာ စစ်သွေးကြွတွေ လက်ထဲကနေ မာရာဝီမြို့ကို ပြန်သိမ်းပိုက်နိုင်မှုအတွက် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဟာ မာရာဝီမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်သွေးကြွတွေနဲ့ ၅ လကြာ တိုက်ခိုက်ပြီးနောက် ပြန်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မာရာဝီမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီး အဲဒီ ထောက်ပံ့မှုတွေက မြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ အရေးပါခဲ့တာလို့ ဖိလစ်ပိုင် သမ္မတက ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတဟာ တရုတ်ဝန်ကြီးချုပ် လီခကျန်း မနီလာမြိ်ု့ကို ရောက်ရှိလာချိန်မှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကူညီပေးခဲ့တဲ့ စနိုက်ပါ သေနတ်တွေဟာ စစ်သွေးကြွတွေကို တစ်ဦးချင်း သုတ်သင်ရာမှာ ထိရောက်ခဲ့ပြီး လက်ရှိအချိန်မှာ တရုတ်က ပေးထားတဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးထားတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

?bph6