




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီတလီအသင်း နည်းပြ ဗန်တူရာကို ရာထူးက ထုတ်ပယ်
အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မမြင် ဖြစ်ပြီးနောက် အသင်းနည်းပြ ဂီရမ် ပီရို ဗန်တူရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အီတလီအသင်းဟာ အခုသီတင်းပတ်ထဲ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆွီဒင်ကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကမာ့္ဘဖလားပြိုင်ပွဲနဲ့ အလှမ်းဝေးခဲ့ရပါတယ်။

အီတလီဟာ ၂၀၁၆ ခုနှစ် ဇွန်လက နည်းပြ ကွန်တီ နေရာမှာ ဗန်တူရာနဲ့ အစားထိုးခန့်အပ်မှုတွေ လုပ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို ယှဉ်ပြိုင်ခဲ့ချိန်မှာ အောင်မြင်မှုမရခဲ့ဘဲ နောက်ဆုံး နှစ် ၄၀ အတွင်း အဆိုးရွားဆုံး မှတ်တမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

နည်းပြ ဗန်တူရာက အသင်း ခြေစစ်ပွဲမအောင်မြင်မှုနဲ့ ပတ်သက်ပြီး အီတလီနိုင်ငံသား အားလုံးကို တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။

adv_banner