
0
234






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖလော်ရီဒါပြည်နယ်က လူပေါင်း ၆ သန်း မုန်တိုင်းဘေးလွတ်ရာကိုရွှေပြောင်းနေ

အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ် က လူပေါင်း ၆ သန်း ဟာ ဟာရီကိန်း အိုင်မာကို ကြောင့် ရေကြီးမှုတွေဖြစ်ပေါ်မှာကို စိုးရိမ်ရလို့ ဘေးလွတ်ရာကို အရေးပေါ်ရွှေပြောင်းမှုတွေလုပ်ခဲ့ရပါတယ်။

ဟာရီကိန်း အိုင်မာဟာပြီးခဲ့တဲ့ ရက်ပိုင်းက ကာရစ်ဘီယံဒေသကို တိုက်ခတ်ခဲ့ပြီး လူပေါင်း ၂၁ ဦးထက်မနည်းသေဆုံးခဲ့ကာအပျက်စီးများစွာဖြစ်ခဲ့ရပါတယ်။
အတ္တလန္တာတစ် သမုဒ္ဒရာကိုဖြတ်သန်ပြီးတိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ ဟာရီကိန်းမုန်တိုင်း အိုင်မာ ဟာ နှစ်ပေါင်း ၁၀ဝအတွင်း အင်အားအပြင်းဆုံးမုန်တိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဟာရီကိန်းမုန်တိုင်း အိုင်မာဟာ ဖလော်ရီဒါပြည်နယ်ကို ဒီနေ့ညပိုင်းမှာ တိုက်ခတ်ဖို့ ဦးတည်နေပြီး မုန်တိုင်းကြောင့်ဘယ်လောက် ပျက်စီးဆုံးရှုံးမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလိုမရသေးဘူးလို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှုးကပြောပါတယ်။

အုပ်ချုပ်ရေးမှုး စကော့က ပြည်သူတွေအနေနဲ့ မြို့အတွင်းကနေ ဘေးလွတ်ရာကို အမြန်ဆုံးရွှေပြောင်းကြဖို့ နဲ့ ဘေးအန္တာရယ်အလွန်များတယ်လို့ သတိပေးထားပါတယ်။