“အီဂျစ်ဘုရားကျောင်းအနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွား”

0
246

အီဂျစ်နိုင်ငံတောင်ပိုင်း စင်နိုင်းဒေသရှိ စိန့်ကတ်သရင်းဘုရားကျောင်းအနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဘုရားကျောင်းအ၀င်ပေါက်နဲ့ မီတာရာနဲ့ချီဝေးတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုကြောင့် အခြား ရဲအရာရှိသုံးဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။

၎င်းတိုက်ခိုက်မှုဟာ မိမိတို့ရဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ်အကြမ်းဖက်သမားအုပ်စု အိုင်အက်စ်က ပြောဆိုခဲ့ပါတယ်။ စင်နိုင်းတောင်ခြေမှာတည်ရှိတဲ့ စိန့်ကတ်သရင်းဘုရားကျောင်းဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ခရစ္စယာန်ဘုရား ကျောင်းတစ်ကျောင်းဖြစ်ပြီး ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ထားတဲ့ အဆောက်အအုံ့တစ်ခုဖြစ်ပါတယ်။

အဆိုပါဘုရားကျောင်းဟာ အရှေ့ပိုင်းအော့သိုဒေါ့ဇ်ဘုရားကျောင်းရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ လူပေါင်း ၄၅ဦးသေ ဆုံးခဲ့ရတဲ့ ကော့ပစ်ခရစ္စယာန်ဘုရားကျောင်းနှစ်ကျောင်းဗုံးခွဲမှုအပြီး ရက်ပိုင်းအတွင်းမှာ မနေ့က အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

ရိုမန်ကတ်သလစ်ဘုရားကျောင်းရဲ့အကြီးအကဲ ပုတ်ရဟန်းမင်းကြီးဖရန့်စစ် ကိုင်ရိုမြို့ကို အလည်အပတ်မလာမီ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရစိုးရိမ် မှုတွေ မြင့်တက်လာနေပါတယ်။ အီဂျစ်နိုင်ငံရဲ့ လူဦးရေ ၉၂သန်းမှာ အများစုက အစ္စလမ်ဘာသာ ၀င်တွေဖြစ်ပြီး ခရစ္စယာန်လူနည်းစုက ၁၀ရာခိုင်နူန်းခန့်ပဲရှိပါတယ်။