ယီမင္ ျပည္တြင္းစစ္ အဆံုးသတ္ဖုိ႔ အေမရိကန္ ေတာင္းဆုိ

0
700

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ ပြန္ပီယိုက ယီမင္ႏုိင္ငံမွာ ျဖစ္ေနတဲ့ ျပည္တြင္းစစ္ အဆံုးသတ္ဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။

ယီမင္ႏိုင္ငံကို ေဆာ္ဒီ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔က တုိက္ခိုက္မႈေတြကို အဆံုးသတ္ဖုိ႔ အေမရိကန္က ေတာင္းဆုိခဲ့တာပါ။ ယီမင္ႏုိင္ငံရွိ လူေနအရပ္ေတြကို ေလေၾကာင္းက တုိက္ခုိက္တာေတြ ရပ္ရမယ္လုိ႔ ဝန္ႀကီး ပြန္ပီယိုက ေျပာပါတယ္။ အေမရိကန္ႏိုင္ငံဟာ ယီမင္ကို တုိက္ခုိက္ေနတဲ့ ေဆာ္ဒီ အာေရဗ်ႏုိင္ငံရဲ႕ အဓိက မဟာမိတ္ျဖစ္ရာ ေဆာ္ဒီရဲ႕ ေလေၾကာင္း တုိက္ခုိက္မႈေတြေၾကာင့္ အေမရိကန္လည္း ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

အေမရိကန္ဟာ ေဆာ္ဒီကို လက္နက္ေတြနဲ႔ တုိက္ေလယာဥ္ေတြ ေရာင္းခ်ခဲ့လို႔ အေမရိကန္ကိုလည္း ႏိုင္ငံတကာက ျပစ္တင္ေဝဖန္ေနပါတယ္။ ယီမင္မွာ ေဆာ္ဒီ ဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ရဲ႕ တုိက္ခုိက္မႈေတြဟာ လူသားအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ စြဲခ်က္တင္ဖုိ႔ စံုစမ္းစစ္ေဆးေရး ေတာင္းဆုိမႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယီမင် ပြည်တွင်းစစ် အဆုံးသတ်ဖို့ အမေရိကန် တောင်းဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ယီမင်နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ယီမင်နိုင်ငံကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ အမေရိကန်က တောင်းဆိုခဲ့တာပါ။ ယီမင်နိုင်ငံရှိ လူနေအရပ်တွေကို လေကြောင်းက တိုက်ခိုက်တာတွေ ရပ်ရမယ်လို့ ဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ ယီမင်ကို တိုက်ခိုက်နေတဲ့ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ အဓိက မဟာမိတ်ဖြစ်ရာ ဆော်ဒီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အမေရိကန်လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်ဟာ ဆော်ဒီကို လက်နက်တွေနဲ့ တိုက်လေယာဉ်တွေ ရောင်းချခဲ့လို့ အမေရိကန်ကိုလည်း နိုင်ငံတကာက ပြစ်တင်ဝေဖန်နေပါတယ်။ ယီမင်မှာ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ဖို့ စုံစမ်းစစ်ဆေးရေး တောင်းဆိုမှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)