ဖိလစ္ပိုင္မွာ မုန္တိုင္းေၾကာင့္ လူေပါင္း ၃၀ အပ်က္စီးေတြေအာက္ ပိတ္မိ

0
872

ဖိလစ္ပိုင္ ကယ္ဆယ္ေရးသမားေတြဟာ မုန္တုိင္းေၾကာင့္ ျဖစ္ခဲတဲ့ ေျမၿပိဳမႈေတြေၾကာင့္ ပိတ္မိေနသူ အနည္းဆံုး ၃၀ ကို ကယ္ဆယ္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။

ေအာက္တုိဘာ ၃၀ ရက္ေန႔က ဖိလစ္ပိုင္ လူဇြန္ကို အင္အားျပင္း ယူတူ တိုင္ဖြန္းမုန္တိုင္း တုိက္ခုိက္ခဲ့ၿပီးေနာက္ မုိးသည္းထန္စြာ ရြာသြန္းမႈေတြနဲ႔အတူ ေရႀကီးေျမၿပိဳမႈေတြ ျဖစ္ခဲ့ပါတယ္။ မုန္တုိင္းနဲ႔ ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ လမ္းေတြပိတ္ဆုိ႔ေနၿပီး ကယ္ဆယ္ေရးသမားေတြနဲ႔ စစ္သားေတြ မုန္တုိင္းဒဏ္ခံ ေဒသဆီသြားေရာက္ဖုိ႔ ခက္ခဲေနပါတယ္။

ျပည္သူ႔ စီမံခန္႔ခြဲေရး အရာရွိ ကာရမ္ဒန္က မုန္တုိင္းဟာ ေအာက္တုိဘာ ၃၀ ရက္ေန႔က လူဇြန္ကၽြန္းကို တစ္နာရီ ၁၄၀ ကီလုိမီတာနဲ႔ ၂၃၀ ကီလုိမီတာႏႈန္းတိုနဲ႔ တုိက္ခတ္ခဲ့ၿပီး မုန္တုိင္းေၾကာင့္ အေဆာက္အဦးေတြ ပ်က္စီးမႈ မ်ားျပားခဲ့ေၾကာင္း၊ အပ်က္အစီးေတြၾကား ပိတ္မိေနသူေတြလည္း ရွိေနေၾကာင္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူပေါင်း ၃၀ အပျက်စီးတွေအောက် ပိတ်မိ

ဖိလစ်ပိုင် ကယ်ဆယ်ရေးသမားတွေဟာ မုန်တိုင်းကြောင့် ဖြစ်ခဲတဲ့ မြေပြိုမှုတွေကြောင့် ပိတ်မိနေသူ အနည်းဆုံး ၃၀ ကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ဖိလစ်ပိုင် လူဇွန်ကို အင်အားပြင်း ယူတူ တိုင်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းနဲ့ ရေကြီးမြေပြိုမှုတွေကြောင့် လမ်းတွေပိတ်ဆို့နေပြီး ကယ်ဆယ်ရေးသမားတွေနဲ့ စစ်သားတွေ မုန်တိုင်းဒဏ်ခံ ဒေသဆီသွားရောက်ဖို့ ခက်ခဲနေပါတယ်။

ပြည်သူ့ စီမံခန့်ခွဲရေး အရာရှိ ကာရမ်ဒန်က မုန်တိုင်းဟာ အောက်တိုဘာ ၃၀ ရက်နေ့က လူဇွန်ကျွန်းကို တစ်နာရီ ၁၄၀ ကီလိုမီတာနဲ့ ၂၃၀ ကီလိုမီတာနှုန်းတိုနဲ့ တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် အဆောက်အဦးတွေ ပျက်စီးမှု များပြားခဲ့ကြောင်း၊ အပျက်အစီးတွေကြား ပိတ်မိနေသူတွေလည်း ရှိနေကြောင်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)