
0
647




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Lion Air လေကြောင်းလိုင်း စက်မူပိုင်းဆိုင်ရာ ဒါရိုက်တာကို ရာထူးကနေ အနားပေး

လူ ၁၈၉ ဦး သေဆုံးတဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ပြီးနောက် Lion Air လေကြောင်းလိုင်းရဲ့ စက်မှုပိုင်းဆိုင်ရာ ဒါရိုက်တာနဲ့ စက်မှုပညာရှင် များစွားကို အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ရာထူးတွေကနေ အနားပေးလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဒါရိုက်တာကို သူရာထူး၊ တာဝန်တွေကနေ အနားပေးလိုက်ကြောင်း၊ တခြား စက်မှုပညာရှင်တွေလည်း ဖယ်ရှားတဲ့အထဲ ပါဝင်ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် အခုလို ရာထူးက အနားပေးမှုဟာ အမြဲတမ်းလား၊ ယာယီလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ Lion Air လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိချုပ် အက်ဒဝပ် ဆီရိတ်ကတော့ ဒီနေ့ မွန်းလွဲ ၁ နာရီအထိ ဝန်ကြီး အကြောင်းကြားချက် မရသေးဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)