
0
839




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွင်းလယ်လူ အလီ စပါး အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်တိုး

စပါးအသင်း ကွင်းလယ်လူ အလီဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ်ရှိ အလီဟာ ၂၀၁၅ ခုနှစ်က စပါးအသင်းကို ပြောင်းလာခဲ့ပြီးနောက် ပွဲပေါင်း ၁၅၃ ပွဲမှာ ဂိုးပေါင်း ၄၈ ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ အလီဟာ လက်ရှိရာသီမှာ ပရီးမီယားလိဂ် ပွဲစဉ်ပေါင်း ၆ ပွဲ ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်မှု မရှိသေးပါဘူး။

အလီက စပါးအသင်းမှာ ကစားရချိန်တွေကို ကျေနပ်ပျော်ရွင်ကြောင်း၊ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ရလို့ စိတ်လှုပ်ရှားရကြောင်း ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)