ပိတ္ပင္ထားတဲ့ က်ားအ႐ုိးနဲ႔ ႀကံ့ဦးခ်ိဳ အသံုးျပဳမႈကို တ႐ုတ္ ပယ္ဖ်က္

0
944

တ႐ုတ္အစိုးရက ေဆးဝါးကုသရာမွာ က်ားအ႐ိုးနဲ႔ ႀကံ့ဦးခ်ိဳ အသံုးျပဳတာကို အထူးအေျခအေနအျဖစ္ ခြင့္ျပဳေပးလုိက္ပါတယ္။ တ႐ုတ္အစုိးရဟာ ၁၉၉၃ ခုႏွစ္ကစၿပီး ႏွစ္ေပါင္း ၂၅ ႏွစ္ၾကာ ပိတ္ပင္ထားၿပီးမွ အခုလို ကင္းလြတ္ခြင့္ ေပးလိုက္တာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံအေပၚ ေတာ႐ုိင္းတိရိစာၦန္ ေမွာင္ခုိျပႆနာနဲ႔ ပတ္သက္လို႔ ျပစ္တင္ေဝဖန္မႈေတြ ရွိေနခ်ိန္မွာပဲ တ႐ုတ္အစိုးရက က်ားအ႐ိုးနဲ႔ ႀကံ့ဦးခ်ိဳ အသံုးျပဳမႈ ပိတ္ပင္တာကို ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။

ေတာ႐ုိင္းတိရိစာၦန္ အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ တ႐ုတႏို္င္ငံရဲ႕ လုပ္ရပ္အတြက္ စိုးရိမ္ေနၿပီး ေတာ႐ုိင္း တိရိစာၦန္ ေရာင္းဝယ္မႈ တားဆီးေရးမွာ အခက္ခဲျဖစ္မွာကို ပူပန္ေနၾကပါတယ္။ က်ားအ႐ိုးနဲ႔ ႀကံ့ဦးခ်ိဳတုိ႔ဟာ တ႐ုတ္ေရွး႐ုိး ေဆးကုသမႈပိုင္းေတြမွာ အသံုးျပဳမႈေတြေၾကာင့္ ဝယ္လိုအားမ်ားၿပီး တန္ဖုိးျမင့္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပိတ်ပင်ထားတဲ့ ကျားအရိုးနဲ့ ကြံ့ဦးချို အသုံးပြုမှုကို တရုတ် ပယ်ဖျက်

တရုတ်အစိုးရက ဆေးဝါးကုသရာမှာ ကျားအရိုးနဲ့ ကြံ့ဦးချို အသုံးပြုတာကို အထူးအခြေအနေအဖြစ် ခွင့်ပြုပေးလိုက်ပါတယ်။ တရုတ်အစိုးရဟာ ၁၉၉၃ ခုနှစ်ကစပြီး နှစ်ပေါင်း ၂၅ နှစ်ကြာ ပိတ်ပင်ထားပြီးမှ အခုလို ကင်းလွတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအပေါ် တောရိုင်းတိရိစ္ဆာန် မှောင်ခိုပြဿနာနဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ တရုတ်အစိုးရက ကျားအရိုးနဲ့ ကြံ့ဦးချို အသုံးပြုမှု ပိတ်ပင်တာကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

တောရိုင်းတိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေကတော့ တရုတနိ်ုင်ငံရဲ့ လုပ်ရပ်အတွက် စိုးရိမ်နေပြီး တောရိုင်း တိရိစ္ဆာန် ရောင်းဝယ်မှု တားဆီးရေးမှာ အခက်ခဲဖြစ်မှာကို ပူပန်နေကြပါတယ်။ ကျားအရိုးနဲ့ ကြံ့ဦးချိုတို့ဟာ တရုတ်ရှေးရိုး ဆေးကုသမှုပိုင်းတွေမှာ အသုံးပြုမှုတွေကြောင့် ဝယ်လိုအားများပြီး တန်ဖိုးမြင့်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)