လူနာေပါင္း ၁၀၀ ကို သတ္ခဲ့တယ္လို႔ ဂ်ာမန္ အမ်ိဳးသား သူနာျပဳ ဝန္ခံ

0
716

ဂ်ာမနီႏုိင္ငံက အမ်ိဳးသား သူနာျပဳေဟာင္းတစ္ဦးဟာ လူနာေပါင္း ၁၀၀ ေက်ာ္ကို သတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရား႐ံုးမွာ စတင္ ၾကားနာၿပီ ျဖစ္ပါတယ္။ အသက္ ၄၁ ႏွစ္ရွိ နီးလ္ ဟိုဂဲလ္ဟာ ဂ်ာမနီေျမာက္ပိုင္းရွိ ေဆး႐ုံႏွစ္႐ံုမွာ အလုပ္လုပ္ခဲ့စဥ္အတြင္း လူနာေတြကို ေသေအာင္လုပ္ခဲ့တာ ျဖစ္ပါတယ္။

 

ေရွ႕ေနေတြက ဟုိဂဲလ္ဟာ လူနာေတြ သတိလစ္ၿပီး ေသခါနီးျဖစ္ေအာင္ လုပ္ၿပီးမွာ ေဆးထိုးၿပီး ျပန္ကယ္တာေတြ လုပ္ျပၿပီး လုပ္ေဖာ္ကိုင္ဖက္ေတြ အထင္ႀကီးေအာင္လည္း လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဟိုဂဲလ္င္ဟာ လက္ရွိအခ်ိန္မွာ လူ ၆ ဦး ေသဆံုးေအာင္ လုပ္ခဲ့မႈအတြက္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း က်ခံေနရပါတယ္။ လူနာေတြကို ေသေအာင္လုပ္ခဲ့တယ္ဆုိတဲ့ စြဲခ်က္နဲ႔ ပတ္သက္လုိ႔ ဟိုဂဲလ္က ဝန္ခံခဲ့တယ္လုိ႔ တရားသူႀကီးက ေျပာပါတယ္။ အခုလို ဝန္ခံလိုက္တဲ့အတြက္ ဟိုဂဲလ္ဟာ လူသတ္မႈ အမ်ားဆံုး က်ဴးလြန္တဲ့ စိတၱဇ လူသတ္သမား ျဖစ္လာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူနာပေါင်း ၁၀ဝ ကို သတ်ခဲ့တယ်လို့ ဂျာမန် အမျိုးသား သူနာပြု ဝန်ခံ

ဂျာမနီနိုင်ငံက အမျိုးသား သူနာပြုဟောင်းတစ်ဦးဟာ လူနာပေါင်း ၁၀ဝ ကျော်ကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ စတင် ကြားနာပြီ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်ရှိ နီးလ် ဟိုဂဲလ်ဟာ ဂျာမနီမြောက်ပိုင်းရှိ ဆေးရုံနှစ်ရုံမှာ အလုပ်လုပ်ခဲ့စဉ်အတွင်း လူနာတွေကို သေအောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေတွေက ဟိုဂဲလ်ဟာ လူနာတွေ သတိလစ်ပြီး သေခါနီးဖြစ်အောင် လုပ်ပြီးမှာ ဆေးထိုးပြီး ပြန်ကယ်တာတွေ လုပ်ပြပြီး လုပ်ဖော်ကိုင်ဖက်တွေ အထင်ကြီးအောင်လည်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဟိုဂဲလ်င်ဟာ လက်ရှိအချိန်မှာ လူ ၆ ဦး သေဆုံးအောင် လုပ်ခဲ့မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရပါတယ်။ လူနာတွေကို သေအောင်လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်လို့ ဟိုဂဲလ်က ဝန်ခံခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။ အခုလို ဝန်ခံလိုက်တဲ့အတွက် ဟိုဂဲလ်ဟာ လူသတ်မှု အများဆုံး ကျူးလွန်တဲ့ စိတ္တဇ လူသတ်သမား ဖြစ်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)