IS စစ္ေသြးၾကြေတြ အိမ္ျပန္၊ ႐ုရွားက နံပါတ္ ၁ ျဖစ္

0
396

ဆီးရီးယားကေန ေနာက္ဆံုး ေျခကုပ္ ဆံုး႐ံႈးၿပီးေနာက္ IS အၾကမ္းဖက္အဖြဲ႔မွာ ပါဝင္တိုက္ခိုက္တဲ့ စစ္ေသြးၾကြေတြ ေနအိမ္ျပန္ၾကရာမွာ IS နဲ႔ ပူးေပါင္းတဲ့ ႐ုရွ စစ္ေသြးၾကြ ၃၄၁၄ ဦးအနက္ ၄၀၀ ခန္႔ အိမ္ျပန္ေနၾကၿပီ ျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်က IS နဲ႔ ပူးေပါင္းတိုက္ခိုက္သူ ၃၂၄၄ ဦး ရွိၿပီး ၇၆၀ အိမ္ျပန္ခဲ့ၾကပါတယ္။

ဥေရာပတလႊားကေန အေရွ႕အလယ္ပိုင္းရွိ IS နဲ႔ သြားေရာက္ပူးေပါင္းသူ ၅၀၀၀ ခန္႔ရွိၿပီး ၁၂၀၀ ခန္႔ အိမ္ျပန္ခဲ့ၾကပါတယ္။ ဥေရာပႏိုင္ငံေတြ အနက္ ၿဗိတိန္က စစ္ေသြးၾကြ အမ်ားဆံုး ေနရပ္ျပန္တဲ့ ႏိုင္ငံျဖစ္ၿပီး ၄၅၂ ဦး ျဖစ္ပါတယ္။

ဂ်ာမနီက ၃၀၀ ခန္႔နဲ႔ ဒုတိယ၊ ျပင္သစ္က ၂၇၁ နဲ႔ တတိယ အသီးသီး ရွိပါတယ္။

နယူးေယာက္ အေျခစိုက္ ဆိုဖန္ အုပ္စုက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေနရပ္ျပန္ စစ္ေသြးၾကြ အေရအတြက္ကို ခန္႔မွန္း ေဖာ္ျပထားတာ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၃၃ ႏိုင္ငံက ၅၆၀၀ ေက်ာ္ ေနရပ္ျပန္ၾကတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒီလိုစစ္ေသြးၾကြေတြ ေနရပ္ျပန္တာဟာ ကမာၻေပၚမွာ ႏိုင္ငံေတြရဲ႕ လုံၿခံဳေရးနဲ႔ တရားဥပေဒ စိုးမိုးမႈကို ၿခိမ္းေျခာက္မႈ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS စစ်သွေးကြွတွေ အိမ်ပြန်၊ ရုရှားက နံပါတ် ၁ ဖြစ်

ဆီးရီးယားကနေ နောက်ဆုံး ခြေကုပ် ဆုံးရှုံးပြီးနောက် IS အကြမ်းဖက်အဖွဲ့မှာ ပါဝင်တိုက်ခိုက်တဲ့ စစ်သွေးကြွတွေ နေအိမ်ပြန်ကြရာမှာ IS နဲ့ ပူးပေါင်းတဲ့ ရုရှ စစ်သွေးကြွ ၃၄၁၄ ဦးအနက် ၄၀ဝ ခန့် အိမ်ပြန်နေကြပြီ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျက IS နဲ့ ပူးပေါင်းတိုက်ခိုက်သူ ၃၂၄၄ ဦး ရှိပြီး ၇၆၀ အိမ်ပြန်ခဲ့ကြပါတယ်။

ဥရောပတလွှားကနေ အရှေ့အလယ်ပိုင်းရှိ IS နဲ့ သွားရောက်ပူးပေါင်းသူ ၅၀ဝ၀ ခန့်ရှိပြီး ၁၂၀ဝ ခန့် အိမ်ပြန်ခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေ အနက် ဗြိတိန်က စစ်သွေးကြွ အများဆုံး နေရပ်ပြန်တဲ့ နိုင်ငံဖြစ်ပြီး ၄၅၂ ဦး ဖြစ်ပါတယ်။ ဂျာမနီက ၃၀ဝ ခန့်နဲ့ ဒုတိယ၊ ပြင်သစ်က ၂၇၁ နဲ့ တတိယ အသီးသီး ရှိပါတယ်။

နယူးယောက် အခြေစိုက် ဆိုဖန် အုပ်စုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နေရပ်ပြန် စစ်သွေးကြွ အရေအတွက်ကို ခန့်မှန်း ဖော်ပြထားတာ ဖြစ်ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံက ၅၆၀ဝ ကျော် နေရပ်ပြန်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလိုစစ်သွေးကြွတွေ နေရပ်ပြန်တာဟာ ကမ္ဘာပေါ်မှာ နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးမှုကို ခြိမ်းခြောက်မှု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)