တိုက္ခန္းမွာ အေလာင္း ကိုးေလာင္း ေတြ႕ရွိလို႔ ဂ်ပန္တစ္ဦးကို ရဲက ဖမ္း

0
420

ဂ်ပန္ႏိုင္ငံ၊ အေနာက္ေတာင္ပိုင္းက ၿမိဳ႕တစ္ၿမိဳ႕ရွိ တိုက္ခန္းတစ္ခန္းရဲ႕ ေရခဲေသတၱာထဲမွာ အပိုင္းပိုင္း ခုတ္ျဖတ္ထားတဲ့ အေလာင္း ကိုးေလာင္း ေတြ႔ရွိတာေၾကာင့္ အခန္းမွာ ေနထိုင္သူကို တိုက်ိဳရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ တာကာဟီ႐ို ရွီရာအီရွီက ဒီအေလာင္းေတြကို သူ ခုတ္ျဖတ္ထားတာျဖစ္ၿပီး ေရခဲေသတၱာထဲမွာ ဝွက္ထားတာ ျဖစ္တယ္လို႔ ဝန္ခံေၾကာင္း ရဲေျပာခြင့္ရသူက ဒီေန႔ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ေျပာပါတယ္။

ေပ်ာက္ဆံုးေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ အမ်ိဳးသမီးကို ရွာေဖြရင္း ရဲေတြက ဒီအေလာင္းေတြကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အေလာင္းကိုးေလာင္းမွာ အမ်ိဳးသမီးအေလာင္းက ရွစ္ေလာင္း၊ အမ်ိဳးသားအေလာင္းက တစ္ေလာင္းျဖစ္ၿပီး ေပ်ာက္ဆံုးလို႔ လိုက္ရွာေနတဲ့ အမ်ိဳးသမီးဟာ အဲဒီထဲက တစ္ေယာက္ ျဖစ္မယ္လို႔ NHK သတင္းဌာနက ေၾကညာပါတယ္။

တိုက္ခန္း အဝင္နားမွာ ျဖတ္ထားတဲ့ လူေခါင္းႏွစ္ခုကို ေတြ႔ရွိရာက ဆက္လက္ရွာေဖြမႈေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဝန္းက်င္မွာ အပုပ္နံ႔ေတြ ရတယ္လို႔ အိမ္နီးခ်င္းေတြက ေျပာပါတယ္။
……………………. ။ ။ ……………………….

တိုက်ခန်းမှာ အလောင်း ကိုးလောင်း တွေ့ရှိလို့ ဂျပန်တစ်ဦးကို ရဲက ဖမ်း

ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းက မြို့တစ်မြို့ရှိ တိုက်ခန်းတစ်ခန်းရဲ့ ရေခဲသေတ္တာထဲမှာ အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့ အလောင်း ကိုးလောင်း တွေ့ရှိတာကြောင့် အခန်းမှာ နေထိုင်သူကို တိုကျိုရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တာကာဟီရို ရှီရာအီရှီက ဒီအလောင်းတွေကို သူ ခုတ်ဖြတ်ထားတာဖြစ်ပြီး ရေခဲသေတ္တာထဲမှာ ဝှက်ထားတာ ဖြစ်တယ်လို့ ဝန်ခံကြောင်း ရဲပြောခွင့်ရသူက ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို ရှာဖွေရင်း ရဲတွေက ဒီအလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလောင်းကိုးလောင်းမှာ အမျိုးသမီးအလောင်းက ရှစ်လောင်း၊ အမျိုးသားအလောင်းက တစ်လောင်းဖြစ်ပြီး ပျောက်ဆုံးလို့ လိုက်ရှာနေတဲ့ အမျိုးသမီးဟာ အဲဒီထဲက တစ်ယောက် ဖြစ်မယ်လို့ NHK သတင်းဌာနက ကြေညာပါတယ်။

တိုက်ခန်း အဝင်နားမှာ ဖြတ်ထားတဲ့ လူခေါင်းနှစ်ခုကို တွေ့ရှိရာက ဆက်လက်ရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝန်းကျင်မှာ အပုပ်နံ့တွေ ရတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)