ေဂးအျဖစ္ပဲ ေနေတာ့မယ္လို႔ နာမည္ေက်ာ္ မင္းသားႀကီး ကီဗင္ စေပဆီ ထုတ္ေဖာ္ ေျပာၾကား

0
370

ေဂးအျဖစ္ပဲ ေနဖို႔ ေရြးခ်ယ္လိုက္ၿပီလို႔ နာမည္ေက်ာ္ ေဟာလိဝုဒ္ မင္းသားႀကီး ကီဗင္ စေပဆီက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

သ႐ုပ္ေဆာင္ အန္ေထာ္နီ ရပ္ (ပ္) က ၁၉၈၆ ခုႏွစ္တုန္းက သူ႔အသက္ ၁၄ ႏွစ္မွာ ေနအိမ္ ပါတီအတြင္း အသက္ ၂၆ ႏွစ္ရွိ ကီဗင္ စေပဆီဟာ သူ႔ကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာ ျပဳမႈခဲ့တယ္လို႔ စြပ္စြဲခ်က္ ထြက္ေပၚလာပါတယ္။

အဲဒီ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး သူ မမွတ္မိေတာ့ေပမယ့္ သူ႔အေနနဲ႔ ေတာင္းပန္ေၾကာင္း၊ သူဟာ လိင္ႏွစ္မ်ိဳးလံုးကို စိတ္ဝင္စားသူ ျဖစ္ေၾကာင္း၊ အခု ေဂးအျဖစ္ပဲေနဖို႔ ေရြးခ်ယ္လိုက္ေၾကာင္း ေအာက္တိုဘာ ၂၉ ရက္ေန႔က ထုတ္ေဖာ္ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

သူ႔အေနနဲ႔ မိန္းမေတြနဲ႔ေရာ ေယာက်ာ္းေတြနဲ႔ပါ လိင္ပိုင္းဆိုင္ရာ ပတ္သက္မႈ ရွိခဲ့တာေၾကာင့္ သူအမွားလုပ္မိတာေတြ ရွိရင္ ေထာက္ျပေစလိုေၾကာင္းလည္း ထုတ္ေဖာ္ ေျပာဆိုပါတယ္။

အေကာင္းဆံုး ဇာတ္ပို႔ အကယ္ဒမီ၊ အေကာင္းဆံုး သ႐ုပ္ေဆာင္ အကယ္ဒမီေတြ ရရွိခဲ့တဲ့ ကီဗင္ စေပဆီဟာ The Usual Suspects, American Beauty, Seven, Superman Returns စတဲ့ ကမာၻေက်ာ္ ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။
…………………… ။ ။ ……………………..

ဂေးအဖြစ်ပဲ နေတော့မယ်လို့ နာမည်ကျော် မင်းသားကြီး ကီဗင် စပေဆီ ထုတ်ဖော် ပြောကြား

ဂေးအဖြစ်ပဲ နေဖို့ ရွေးချယ်လိုက်ပြီလို့ နာမည်ကျော် ဟောလိဝုဒ် မင်းသားကြီး ကီဗင် စပေဆီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သရုပ်ဆောင် အန်ထော်နီ ရပ် (ပ်) က ၁၉၈၆ ခုနှစ်တုန်းက သူ့အသက် ၁၄ နှစ်မှာ နေအိမ် ပါတီအတွင်း အသက် ၂၆ နှစ်ရှိ ကီဗင် စပေဆီဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမှုခဲ့တယ်လို့ စွပ်စွဲချက် ထွက်ပေါ်လာပါတယ်။

အဲဒီ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး သူ မမှတ်မိတော့ပေမယ့် သူ့အနေနဲ့ တောင်းပန်ကြောင်း၊ သူဟာ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ဖြစ်ကြောင်း၊ အခု ဂေးအဖြစ်ပဲနေဖို့ ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ မိန်းမတွေနဲ့ရော ယောကျာ်းတွေနဲ့ပါ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိခဲ့တာကြောင့် သူအမှားလုပ်မိတာတွေ ရှိရင် ထောက်ပြစေလိုကြောင်းလည်း ထုတ်ဖော် ပြောဆိုပါတယ်။

အကောင်းဆုံး ဇာတ်ပို့ အကယ်ဒမီ၊ အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီတွေ ရရှိခဲ့တဲ့ ကီဗင် စပေဆီဟာ The Usual Suspects, American Beauty, Seven, Superman Returns စတဲ့ ကမ္ဘာကျော် ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)