ကုိစတာရီကာ လူ ၄၀၀ တင္ေဆာင္လာတဲ့ ရထား ႏွစ္စီး တိုက္မိ

0
371

ကိုစတာရီကာ ႏိုင္ငံမွာ မေန႔ ေအာက္တုိဘာ ၃၀ ရက္ေန႔က လူေပါင္း ၄၀၀ တင္ေဆာင္လာတဲ့ ရထား ႏွစ္စီး တုိက္မႈျဖစ္ပြားခဲ့ၿပီး       ခရီးသည္တစ္ခ်ိဳ႔ ထိခုိက္ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိခဲ့ပါတယ္။

အနည္းဆံုး လူ ၄ ဦးက ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိထားၿပီး ေနာက္ထပ္ ထိခိုက္ဒဏ္ရာရရွိထားသူ ၆၀ ေက်္ကို  ေဆး႐ံုကို ပို႔ေဆာင္ထားပါတယ္။ ရထား ႏွစ္စီးေပၚ လုိက္ပါလုိက္သူ အမ်ားစုဟာ အလုပ္ကေန အိမ္ကို ျပန္လာၾကတဲ့ အလုပ္သမားေတြ ျဖစ္ပါတယ္။

ရထားႏွစ္စီးဟာ စန္တာ ႐ိုစာ ဒီ  စန္တို ဒိုမင္ဂို ေဒသမွာ  ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီ ၄၀ မိနစ္မွာ တုိက္မိခဲ့တာပါ။ ဒီလုိ ျဖစ္ပြားမႈဟာ ရထားလမ္း တာဝန္ရွိသူရဲ့ အမွားေၾကာင့္ ျဖစ္တယ္လုိ႔ မီးရထား႐ံုးခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုစတာရီကာ လူ ၄၀ဝ တင်ဆောင်လာတဲ့ ရထား နှစ်စီး တိုက်မိ

ကိုစတာရီကာ နိုင်ငံမှာ မနေ့ အောက်တိုဘာ ၃၀ ရက်နေ့က လူပေါင်း ၄၀ဝ တင်ဆောင်လာတဲ့ ရထား နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တစ်ချို့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

အနည်းဆုံး လူ ၄ ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရရှိထားသူ ၆၀ ကျေ်ကို ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ရထား နှစ်စီးပေါ် လိုက်ပါလိုက်သူ အများစုဟာ အလုပ်ကနေ အိမ်ကို ပြန်လာကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။

ရထားနှစ်စီးဟာ စန်တာ ရိုစာ ဒီ စန်တို ဒိုမင်ဂို ဒေသမှာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ တိုက်မိခဲ့တာပါ။ ဒီလို ဖြစ်ပွားမှုဟာ ရထားလမ်း တာဝန်ရှိသူရဲ့ အမှားကြောင့် ဖြစ်တယ်လို့ မီးရထားရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)