လိင်တိကျစွာ မဖော်ပြလိုသူတွေအတွက် ကနေဒါက ပတ်စ်ပို့မှာ X လို့ ရေးသွင်းခွင့်ပြု

0
349

ကျား၊ မ မဟုတ်ဘဲ ကြားနေအဖြစ် LGBT တွေအတွက် နိုင်ငံကူးလက်မှတ် ရေးသွင်းရာမှာ X လို့ ကနေဒါ အစိုးရက ဖော်ပြခွင့်ပြုလိုက်တဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက အားတက်သရော ကြိုဆိုလိုက်ကြပါတယ်။

ကနေဒါ နိုင်ငံသားတွေအတွက် လိင်အမျိုးအစား X ကို သုံးခွင့်ပြုလိုက်တဲ့အတွက် အမေရိကမှာ ပထမဆုံး ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာပါတယ်။

သြစတြေးလျ၊ ဂျာမနီ၊ မော်လ်တာ၊ နယူးဇီလန်နဲ့ ပါကစ္စတန်တို့မှာလည်း X အမျိုးအစားကို ခွင့်ပြုထားပါတယ်။ အိန္ဒိယ၊ အိုင်ယာလန်နဲ့ နီပေါတို့မှာလည်း ပုံစံအမျိုးမျိုးနဲ့ တတိယအမျိုးအစား ရွေးချယ်ခွင့် ပြုထားကြပါတယ်။

သူတို့ရဲ့ လိင် အမှတ်အသား၊ သူတို့အလိုရှိတဲ့ လိင်အမျိုးအစားကို ရွေးချယ်ခွင့်ရှိတဲ့ ဘဝအားဖြင့် ကနေဒီယန်နိုင်ငံသား အားလုံးအနေနဲ့ ကိုယ့်ကိုယ်ကို လုံခြုံမှု ရှိနိုင်ပါပြီလို့ ကနေဒါ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး အာမက် ဟက်ဆန်က ပြောပါတယ်။

အစိုးရ စာရွက်စာတမ်းတွေမှာ X လိင်အမျိုးအစားကို စတင် မိတ်ဆက်လိုက်ခြင်းအားဖြင့် ကနေဒါနိုင်ငံသားတွေ လိင်ကွဲပြားမှုမှာ အားလုံး ညီတူညီမျှ ရှိတယ်ဆိုတဲ့ အရေးကြီးတဲ့ ခြေလှမ်းကို လှမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဟက်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)