ချိန်ဘာလိန်ကို လီဗာပူအသင်း ပေါင် ၄၀ သန်းနဲ့ခေါ်ဖို့ သဘောတူညီမှုရ

0
300

လီဗာပူအသင်းဟာ အာဆင်နယ် ကွင်းလယ်လူ ချိန်ဘာလိန်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ လီဗာပူအသင်းဟာ ချိန်ဘာလိန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်းပေးချေရမှာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၁၂၀၀၀ ရစေမယ့် ၅ နှစ်စာချုပ် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ချိန်ဘာလိန် ဟာ အာဆင်နယ် နဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေရာ အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့ပါတယ်။ ချိန်ဘာလိန် ဟာ ရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်လက်မှတ်ရေးထိုးမှာလည်းဖြစ်ပါတယ်။

ချိန်ဘာလိန် ဟာလက်ရှိရာသီမှာ အာဆင်နယ်အတွက် ၄ ပွဲ ပါဝင်ကစားထားပြီး ချန်ပီယံလိဂ် ကစားလိုတာကြောင့် လီဗာပူအသင်းကို ပြောင်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)