ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်တက်လာလို့ ဟနွိုင်းနဲ့ ဟိုချီမင်းမှာ အရေးမကြီးတဲ့ လုပ်ငန်းတွေ ပိတ်

0
1098

ကိုရိုနာဗိုင်းရပ်စ် တကြော့ပြန် စတင်ဖြစ်ပွားတဲ့ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တွေမှာ ဘားတွေ ပိတ်ခိုင်းတာ၊ အခမ်းအနားတွေ ဆိုင်းငံ့တာ၊ အရေးမကြီးတဲ့ စီးပွားလုပ်ငန်းတွေ ပိတ်ခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

ခရီးသွားတွေ အလာများတဲ့ ကမ်းခြေမြို့ ဒါနန်းမှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းက COVID-19 ရောဂါ ကူးစက်မှုအသစ် ၄၅ ခု တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင် တွေ့ရှိပြီးကတည်းက သီးခြားစီ ခွဲနေမှုတွေ ရှိသည့်တိုင် ကူးစက်မှုတွေ တွေ့နေရတာပါ။

ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင်မတွေ့ရှိမီ ဗီယက်နမ်နိုင်ငံမှာ ရက် ၁၀၀ ကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကင်းစင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက နိုင်ငံခြားသားတွေ မဝင်အောင် နယ်စပ်တွေအားလုံး ပိတ်ထားခဲ့ပြီး နှာခေါင်းစည်းတပ်တာ၊ အပြင်ထွက်ရင် ခပ်ခွာခွာနေတာတွေ ကြပ်မတ် လုပ်ဆောင်ခဲ့ပါတယ်။

ပြည်တွင်းကူးစက်မှု မတွေ့ရလို့ အားလပ်ရပ် ခရီးထွက်တာ၊ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်တွေက စျေးချပေးတာတွေ လုပ်ခဲ့ပြီး ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိရပြီးနောက် ၁၅ ရက်ကြာ lockdown ချလိုက်ပြီး အစားအစာနဲ့ သောက်ရေ အပြင်ထွက် သွားရောက် ဝယ်ယူမှုတွေတောင် ဆိုင်းငံ့ခဲ့ပါတယ်။

ဗီယကနြမနြိုငငြံမှာ ကိုရိုနာဗိုငြးရပဈြ ဖှဈပှားသူ ၅၀၉ ဦး ရှိပှီး ဗိုငြးရပဈြကှောင့ြ သဆေုံးသူ တဈဦးမှ မရှိသေးပါဘူး။

_________________

_________________


ကိုရိုနာဗိုင်းရပ်စ် တကြော့ပြန် စတင်ဖြစ်ပွားတဲ့ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တွေမှာ ဘားတွေ ပိတ်ခိုင်းတာ၊ အခမ်းအနားတွေ ဆိုင်းငံ့တာ၊ အရေးမကြီးတဲ့ စီးပွားလုပ်ငန်းတွေ ပိတ်ခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

ခရီးသွားတွေ အလာများတဲ့ ကမ်းခြေမြို့ ဒါနန်းမှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းက COVID-19 ရောဂါ ကူးစက်မှုအသစ် ၄၅ ခု တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင် တွေ့ရှိပြီးကတည်းက သီးခြားစီ ခွဲနေမှုတွေ ရှိသည့်တိုင် ကူးစက်မှုတွေ တွေ့နေရတာပါ။

ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင်မတွေ့ရှိမီ ဗီယက်နမ်နိုင်ငံမှာ ရက် ၁၀၀ ကြာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကင်းစင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက နိုင်ငံခြားသားတွေ မဝင်အောင် နယ်စပ်တွေအားလုံး ပိတ်ထားခဲ့ပြီး နှာခေါင်းစည်းတပ်တာ၊ အပြင်ထွက်ရင် ခပ်ခွာခွာနေတာတွေ ကြပ်မတ် လုပ်ဆောင်ခဲ့ပါတယ်။

ပြည်တွင်းကူးစက်မှု မတွေ့ရလို့ အားလပ်ရပ် ခရီးထွက်တာ၊ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်တွေက ဈေးချပေးတာတွေ လုပ်ခဲ့ပြီး ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိရပြီးနောက် ၁၅ ရက်ကြာ lockdown ချလိုက်ပြီး အစားအစာနဲ့ သောက်ရေ အပြင်ထွက် သွားရောက် ဝယ်ယူမှုတွေတောင် ဆိုင်းငံ့ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ၅၀၉ ဦး ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ဦးမှ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)