ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ သမ္မတ ထရမ့် ပြောဆိုမှု ရီပတ်ဘလီကန်တွေ လက်မခံ

0
242

လာမယ့် အမေရိကန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ် ထရမ့်က Twitter မှာ ရေးတင်ခဲ့ပြီး ရီပတ်ဘလီကန် ပါတီဝင်တွေကတော့ လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သမ္မတ ထရမ့် ပြောဆိုချက်ကို ရီပတ်ဘလီကန် အမတ်တွေက ဇူလိုင်လ ၃၀ ရက်နေ့မှာ လက်မခံခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုကို ကွန်ဂရက်ရဲ့ သဘောတူညီချက် ရမှာသာ လုပ်ဆောင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ရာစုနှစ် နှစ်ခုကြာ သတ်မှတ်ထားတဲ့နေ့အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပလာတဲ့ ရွေးကောက်ပွဲကို ဟမ့်ပ်ရှိုင်းယား၊ မစ္စစပီမှသည် အိုင်အိုဝါအထိ မဲပေးသူတွေက အခိုင်အမာ လုပ်ဆောင်စေလိုတယ်လို့ ရီပတ်ဘလီကန် အမတ်တွေက ပြောပါတယ်။

လွှတ်တော် ရီပတ်ဘလီကန် ကွန်ဖရင့် ခေါင်းဆောင် အမတ် လစ်ဇ် ချင်နီက သမ္မတ ထရမ့်ရဲ့ အကြံကို ဆန့်ကျင်တဲ့ ရီပတ်ဘလီကန်တွေက လွှမ်းမိုးနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကွန်ဂရက်မှာ သမ္မတ ထရမ့်ဘက်က ရပ်တည်ခဲ့တဲ့ လွှတ်တော်နဲ့ ဆီးနိတ်က ထိပ်တန်း ရီပတ်ဘလီကန်အမတ်တွေကလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့်ကိစ္စမှာ ဝင်မပါဘဲ နေနေကြပါတယ်။

အခုလို သူ့ပါတီဝငြ ရီပတဘြလီကနတြှရေဲ့ ကန့ကြှကခြံရမှုဟာ သမျမတ ထရမ့အြဖို့ ဖှဈတောင့ဖြှဈခဲကိဈစ ဖှဈပါတယြ။

________________

________________

ရှေးကောကျပှဲ ရှှေ့ဆိုငျးဖို့ သမ်မတ ထရမျ့ ပွောဆိုမှု ရီပတျဘလီကနျတှေ လကျမခံ

လာမယ့် အမေရိကန် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ် ထရမ့်က Twitter မှာ ရေးတင်ခဲ့ပြီး ရီပတ်ဘလီကန် ပါတီဝင်တွေကတော့ လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သမ္မတ ထရမ့် ပြောဆိုချက်ကို ရီပတ်ဘလီကန် အမတ်တွေက ဇူလိုင်လ ၃၀ ရက်နေ့မှာ လက်မခံခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုကို ကွန်ဂရက်ရဲ့ သဘောတူညီချက် ရမှာသာ လုပ်ဆောင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ရာစုနှစ် နှစ်ခုကြာ သတ်မှတ်ထားတဲ့နေ့အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပလာတဲ့ ရွေးကောက်ပွဲကို ဟမ့်ပ်ရှိုင်းယား၊ မစ္စစပီမှသည် အိုင်အိုဝါအထိ မဲပေးသူတွေက အခိုင်အမာ လုပ်ဆောင်စေလိုတယ်လို့ ရီပတ်ဘလီကန် အမတ်တွေက ပြောပါတယ်။

လွှတ်တော် ရီပတ်ဘလီကန် ကွန်ဖရင့် ခေါင်းဆောင် အမတ် လစ်ဇ် ချင်နီက သမ္မတ ထရမ့်ရဲ့ အကြံကို ဆန့်ကျင်တဲ့ ရီပတ်ဘလီကန်တွေက လွှမ်းမိုးနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကွန်ဂရက်မှာ သမ္မတ ထရမ့်ဘက်က ရပ်တည်ခဲ့တဲ့ လွှတ်တော်နဲ့ ဆီးနိတ်က ထိပ်တန်း ရီပတ်ဘလီကန်အမတ်တွေကလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ့်ကိစ္စမှာ ဝင်မပါဘဲ နေနေကြပါတယ်။  

အခုလို သူ့ပါတီဝင် ရီပတ်ဘလီကန်တွေရဲ့ ကန့်ကွက်ခံရမှုဟာ သမ္မတ ထရမ့်အဖို့ ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်ပါတယ်။    

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)