တီယင်မင် သတ်ဖြတ်မှု ဓါတ်ပုံကို မှားယွင်းပယ်ချမိလို့ ဖေ့ဘွတ်ခ် ပြန်တောင်းပန်

0
349

တရုတ်နိုင်ငံ၊ တီယင်မင်ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်ကျောင်းသား အရေးတော်ပုံအတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုကို ရည်ညွှန်းတဲ့ ဓါတ်ပုံကို ဟောင်ကောင်က တက်ကြွလှုပ်ရှားသူတစ်ဦးက ဖေ့ဘွတ်ခ်မှာတင်ခဲ့တာကို ပယ်ဖျက်ခဲ့မိလို့ ဖေ့ဘွတ်ခ်က ပြန်လည်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို အောင်မေ့အမှတ်ရမှုအနေနဲ့ ဟောင်ကောင်က ဖန်ကကွန်းက သူ့ရဲ့ဖေ့ဘွတ်ခ်ပရိုဖိုင်မှာ နောက်ခံအနေနဲ့ တင်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီပုံဟာ ခြိမ်းခြောက်မှု၊ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို တိုက်ခိုက်လိုမှုတွေကို ရည်ညွှန်းတယ်ဆိုပြီး ဖေ့ဘွတ်ခ်က ပယ်ချခဲ့တာဖြစ်ပါတယ်။
အဲဒီလုပ်ဆောင်မှုမှာ ဖေ့ဘွတ်ခ်ဟာ နိုင်ငံရေးရည်ရွယ်ချက်ပါနေတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ဖေ့ဘွတ်ခ်ကို ၂၀၀၉ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပြီး အမေရိကန်နည်းပညာ ကုမ္ပဏီကြီးအနေနဲ့ ကြီးမားလှတဲ့ တရုတ်ဈေးကွက်ကို ပြန်ဝင်ရောက်နိုင်ဖို့ စိတ်အားထက်သန်နေပုံရပါတယ်။

ဘေဂျင်းအစိုးရက တီယင်မင်ရင်ပြင်ဖြစ်စဉ်အပေါ် ဆွေးနွေးမှု၊ ဝေဖန်မှုနဲ့ အောက်မေ့အမှတ်တရပွဲ လုပ်တာတွေကို တင်းတင်းမာ မာပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ တကမ္ဘာလုံးက တက်ကြွလှုပ်ရှားသူတွေနဲ့ အဓိက ဟောင်ကောင်နဲ့ တိုင်ဝမ်က တက်ကြွလှုပ်ရှားသူတွေဟာ အဲဒီသတ် ဖြတ်ခံရမှုဖြစ်စဉ် အထိမ်းအမှတ်ပွဲကို ပုံမှန်လုပ်ဆောင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)