အင်ဒိုနီးရှားနိုင်ငံက သက်တံ့ရွာ အင်တာနက်မှာ ခေတ်စားနေ

0
340

အင်ဒိုနီးရှားနိုင်ငံက အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ကျေးရွာလေးတစ်ရွာဟာ ထူးထူးခြားခြား သက်တန့်ဆေးခြယ်သမှုကြောင့် အင်တာနက်မှာ ခေတ်စားပျံ့နှံ့လာနေပါတယ်။

အဆိုပါရွာကလေးဟာ မြစ်တစ်စင်းရဲ့အထက်ပိုင်း တောင်တန်းဒေသမှာ တည်ရှိပြီး ပုံမှန်အားဖြင့် ၀င်ငွေနည်းပါးလှတဲ့ ဒေသခံတွေနေထိုင်ကြတဲ့ သာမန်ကျေးရွာလေးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျာဗားကျွန်း၊ ၀ါနိုဆာရီခရိုင်က လူမှုအသိုင်းအ၀ိုင်းတစ်ခုက အဆိုပါကျေးရွာလေးကို ထူးထူးခြားခြား ပြောင်းလဲချင်ခဲ့ကြပြီး ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီအတော်များများဆီကနေ ရန်ပုံငွေလက်ခံရရှိခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ အိမ်ခြေ ၂၀၀ ခန့်ပဲရှိတဲ့ သာမန်ဆင်းဆင်းရဲရဲ ရွာကလေးဟာ အင်တာနက်မှာ သက်တန့်ရွာလေးအဖြစ် ဆွဲဆောင်မှုရှိလာပြီး လာရောက်လည်ပတ်သူ များပြားစည်ကားလာခဲ့ပါတယ်။

ရွာနားက ညစ်ညမ်းနေတဲ့မြစ်ကိုလည်း သန့်စင်ခဲ့ကြပြီး ဆေးရောင်ခြယ်သတဲ့ စုစုပေါင်းကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် ကုန်ကျခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဂျဗားကျွန်းပေါ်က အဆိုပါကျေးရွာလေးကို ဆေးခြယ်သပြီးနောက်မှာ ဒေသခံမြို့တော်ဝန်တစ်ဦးက ဖွင့်ပွဲပြုလုပ်ပေးခဲ့ပါတယ်။
အဆောက်အအုံ အများအပြားကို ဝေလငါးပုံနဲ့ နတ်သမီးတောင်ပံပုံတွေ ဆေးခြယ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုခြယ်သမှုကြောင့် မိုင်ချီဝေးကွာတဲ့နေရာကနေ ထင်ထင်ရှားရှားလမ်းမြင်နေရပြီး တောင်တန်းတွေပေါ်တက်တဲ့ လှေကားကြီးတစ်ခုလိုဖြစ်နေပါ တယ်။
အဲဒီနောက်မှာတော့ ပြည်တွင်း၊ပြည်ပဧည့်သည်တွေ ရောက်ရှိလာကြပြီး အမှတ်တရဓါတ်ပုံတွေရိုက်ကူးကြပါတယ်။ လူမှုကွန် ယက်တွေပေါ်လည်း တင်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)