YouTube က ချီးမြင့်တဲ့ Diamond Creator Award တောင်ကိုရီးယား ပေါ့ပ်စတား PSY ရရှိ

0
315

တောင်ကိုရီးယား ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ PSY ဟာ YouTube က ချီးမြင့်တဲ့ Diamond Creator Award ကို ရရှိခဲ့ပါတယ်။

ဒီဆုကိုရရှိခဲ့ခြင်းဟာ YouTube မှာ ကြည့်ရှုသူဦးရေ ၁၀ သန်း ရှိခဲ့ခြင်းကြောင့်ပါ။ အာရှဒေသတွင်းမှာ ပထမဦးဆုံးသော ဆုရရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို ဆုရရှိခဲ့ခြင်းနဲ့ ပတ်သက်လို့ PSY က “YouTube က ပရိသတ် ၁၀ သန်းကျော်ကိုလည်း ကျေးဇူးတင်သလို ကျွန်တော့်ရဲ့ Official account ကနေ YouTube ကို ကြည့်ကြဖို့ တွန်းအားပေးတဲ့ ပရိသတ်များကိုလည်း အထူး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တကယ်တော့ YouTube ဟာ ကိုယ်သွားချင်တဲ့နေရာကို ရောက်ရှိသွားအောင် ကြားခံပေးတဲ့ တံတားတစ်စင်း၊ ဒါမဟုတ် ပလက်ဖောင်းတစ်ခုလို့ ပြောချင်ပါတယ်။ ကျွန်တော့်အတွက် နိုင်ငံရပ်ခြားများမှ ပရိသတ်များ တခဲနက်အားပေးမှုတွေ ရရှိလာစေတာကတော့ ဒီ YouTube ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလွန်ပဲ ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က PSY ရဲ့ Gangnam Style (အိုပါး ဂန်နမ်စတိုင်) သီချင်းဟာ YouTube မှာ ကြည့်ရှုသူဦးရေ သန်း ၈၀၀ အထိ ရှိခဲ့ကာ Hit ဖြစ်ခဲ့ပါသေးတယ်။

မကြာသေးခင်ကပဲ PSY ဟာ “I Luv It” နဲ့ “New Face” စတဲ့ သီချင်းများကို YouTube မှာ လွှင့်တင်ခဲ့ရာမှာ ကြည့်ရှုသူဦးရေ ၃၅ သန်းအထိ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)