ဂါနာနိုင်ငံမှာ စစ်ဗိုလ်ကို ဓားပြထင်ပြီး သတ်ဖြတ်

0
267

ဂါနာနိုင်ငံ အက်ကရာရှိ ဘားမား စခန်းက အမှတ် ၅ ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တစ်ဦးကို ဒန်ကိုင်ရာ အထက်ပိုင်းမှာ ဒေသခံတွေက ဓားပြထင်ပြီး ဝိုင်းဝန်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်ကြီး မက်စ်ဝဲလ် မဟာမာဆိုသူဟာ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက လမ်းမကြီးမှာ အပြေးလေ့ကျင့်ရင်း လမ်းမှာ တွေ့တဲ့ အမျိုးသမီးတချို့ကို လမ်းမေးခဲ့ချိန်မှာ သူ့ဆီမှာ ပစ္စတိုသေနတ်ပါတာကို တွေ့သွားကြပါတယ်။

အဲဒီမြို့မှာ မကြာသေးမီက ဓားပြမှု ဖြစ်ထားပြီး ဗိုလ်ကြီး မဟာမာကလည်း စစ်ဝတ်စုံ ဝတ်ထားချိန် မဟုတ်တဲ့အတွက် ဓားပြထင်ပြီး အမျိုးသမီးတွေက တခြား အမျိုးသားတွေကို အော်ဟစ်ခေါ်ပြီး သေချာ မေးမြန်းခြင်း မရှိဘဲ လူအုပ်နဲ့ ဝိုင်းပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ အုပ်ခဲကျိုးနဲ့ ပစ်ပေါက်တာ အပါအဝင် ဝိုင်းပြီး သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)