မော်စတိုမြို့မှာတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူ ၁၁ ဦးသေဆုံး

0
254

မေလ ၂၉ ရက်နေ့ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် မော်စကိုမြို့မှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲ့ဒီ မုန်တိုင်းအရှိန်ကြောင့် သစ်ပင်အများအပြား လည်းပြိုလဲကျကာ   အဆောက် အဦးအတော်များများ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ၄၀ ကျော်အတွက် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း တွေလိုအပ်ပါတယ်လို့ မော်စကို မြို့တော်ဝန်က သူရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ သစ်ပင်ပြိုလဲမှုကြောင့် နောက်ထပ် သေဆုံးမှုမျိုးမဖြစ်အောင်  သစ်ပင် ရာကျော်ကို ခုတ်ထွင်ရှင်းလင်းထားတယ်လို့လည်း ရေးသားထားပါတယ်။

မီးရထားလမ်းနဲ့ ကားလမ်းမ တွေပေါ်ကို သစ်ပင်တွေ ပြိုကျခဲ့တာကြောင့် လမ်းပိတ်ဆို့မှု တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိအချိန်မှာ ပြိုလဲနေတဲ့ သစ်ပင်တွေနဲ့ ကားအပျက်အစီးတွေကို ပြန်လည်ရှင်းလင်းနေကြပါပြီ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)