COVID-19 ကူးစက်တယ်လို့ အတည်မပြုသေးတဲ့ နိုင်ငံတွေ ရှိသေး

0
306

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဆင့် ကြေညာထားပေမယ့် ပစိဖိတ်ဒေသ၊ အာဖရိကနဲ့ အာရှရှိ နိုင်ငံ ၁၆ နို်င်ငံကတော့ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ အတည်ပြု ကြေညာခြင်း မရှိသေးပါဘူး။

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန်မြို့က မနှစ်က ဒီဇင်ဘာမှာ စတင်လိုက်တဲ့ ဗိုင်းရပ်စ်ကြောင့် အခု ကူးစက်သူ ၈ သိန်းကျော်နဲ့ သေဆုံးသူ ၃၈၀၀၀ ကျော် ရှိသွားပါပြီ။ အာဖရိကရှိ လီဆိုသို၊ တောင်ဆူဒန်၊ ယီမင်၊ ဆယ်ရာလီယွန်၊ ဘူရွန်ဒီနဲ့ မာလာဝီ၊ ဆဟာရ အနောက်ပိုင်းတို့က ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်လို့ မကြေညာသေးပါဘူး။

အလားတူ အာရှရှိ တာခမန်နစ္စတန်၊ တာဂျီကစ္စတန်နဲ့ မြောက်ကိုရီးယားကလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကြေညာခြင်း မရှိပါဘူး။ ပစိဖိတ်ကျွန်းနိုင်ငံတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေ အသွားအလာ များခဲ့ကြပေမယ့် ရောဂါကူးစက်တယ်လို့ သတင်း မထွက်ပေါ်သေးပါဘူး။ တွန်ဂါ၊ ဆာမိုအာ၊ ဗနာတူ၊ ကွတ်ခ်ကျွန်းစု၊ နီအူနဲ့ တူဗာလူတို့ ဖြစ်ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၈ ခုမှာ ကူးစက် ဖြစ်ပွားနေပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

COVID-19 ကူးစက်တယ်လို့ အတည်မပြုသေးတဲ့ နိုင်ငံတွေ ရှိသေး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဆင့် ကြေညာထားပေမယ့် ပစိဖိတ်ဒေသ၊ အာဖရိကနဲ့ အာရှရှိ နိုင်ငံ ၁၆ နိုင်ငံကတော့ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ အတည်ပြု ကြေညာခြင်း မရှိသေးပါဘူး။

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်၊ ဝူဟန်မြို့က မနှစ်က ဒီဇင်ဘာမှာ စတင်လိုက်တဲ့ ဗိုင်းရပ်စ်ကြောင့် အခု ကူးစက်သူ ၈ သိန်းကျော်နဲ့ သေဆုံးသူ ၃၈၀၀၀ ကျော် ရှိသွားပါပြီ။ အာဖရိကရှိ လီဆိုသို၊ တောင်ဆူဒန်၊ ယီမင်၊ ဆယ်ရာလီယွန်၊ ဘူရွန်ဒီနဲ့ မာလာဝီ၊ ဆဟာရ အနောက်ပိုင်းတို့က ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်လို့ မကြေညာသေးပါဘူး။ အလားတူ အာရှရှိ တာခမန်နစ္စတန်၊ တာဂျီကစ္စတန်နဲ့ မြောက်ကိုရီးယားကလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကြေညာခြင်း မရှိပါဘူး။

ပစိဖိတ်ကျွန်းနိုင်ငံတွေဟာ ကမ္ဘာလှည့် ခရီးသွားတွေ အသွားအလာ များခဲ့ကြပေမယ့် ရောဂါကူးစက်တယ်လို့ သတင်း မထွက်ပေါ်သေးပါဘူး။ တွန်ဂါ၊ ဆာမိုအာ၊ ဗနာတူ၊ ကွတ်ခ်ကျွန်းစု၊ နီအူနဲ့ တူဗာလူတို့ ဖြစ်ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၈ ခုမှာ ကူးစက် ဖြစ်ပွားနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)