အိန္ဒိယမှာ ကျေးရွာကို ပြန်လာသူတွေ COVID-19 မကူးအောင် သစ်ပင်ပေါ် လင့်စင်ထိုးပြီး နေထိုင်

0
355

အိန္ဒိယနိုင်ငံက ကျေးရွာသား တချို့ဟာ မိသားစု အသိုင်းအဝိုင်းတွေဆီ COVID-19 ကူးစက်မှာ စိုးရိမ်တဲ့အတွက် သစ်ပင်ပေါ်မှာ လင့်စင်ထိုးပြီး နေထိုင်နေပုံတွေ အွန်လိုင်း တက်လာပါတယ်။

သူတို့ဟာ အိန္ဒိယက မြို့ကြီးတွေမှာ အလုပ်လုပ်ခဲ့ကြပြီး COVID-19 ကြောင့် လုပ်ငန်းကိုင်ငန်းတွေ ပျက်တာကြောင့် ရွာတွေကို အလုံးအရင်းနဲ့ ပြန်လာကြသူတွေ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်ထားလိုက်တဲ့အတွက် ရာပေါင်းများစွာသော မြို့ပေါ်တက် အလုပ်လုပ်တဲ့သူတွေဟာ နေရပ်ဇာတိ ရပ်ရွာ တွေကို မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး ပြန်ကြရပါတယ်။

ဇာတိရပ်ရွာကို ပြန်ကြသူတွေဟာ သန်းချီ ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ ပြည်သူတွေကို ဧပြီလ ၁၅ ရက်အထိ နေအိမ်မှာ နေကြဖို့ အိန္ဒိယအစိုးရက ညွှန်ကြားထားပါတယ်။ ကျေးရွာငယ်တွေမှာတော့ မိသားစု ဆွေမျိုးတွေနဲ့ သီးခြားခွဲနေထိုင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

အွန်လိုင်းပေါ်ကို တက်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာ ကျေးရွာကို ပြန်လာတဲ့သူ ခုနစ်ဦးဟာ သရက်ပင်တွေ၊ ညောင်ပင်တွေပေါ်မှာ လင့်စင်ထိုးပြီး နေတာကို တွေ့မြင်ရပါတယ်။ ဆရာဝန်က သီးခြားခွဲနေဖို့ ပြောလို့ အခုလို နေထိုင်နေကြတာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)