နယ်သာလန်မှာ COVID-19 ကြောင့် ပြတိုက်ပိတ်ထားစဉ် ဗန်ဂိုး ပန်းချီကား ခိုးယူခံရ

0
226

နယ်သာလန်နိုင်ငံမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိတ်ထားတဲ့ ပြတိုက်ကနေ ပန်းချီကျော် ဗင်းဆင့် ဗန်ဂိုးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားတစ်ချပ် အခိုးခံလိုက်ရပါတယ်။

ညသန်းခေါင်ယံမှာ ပြတိုက်ထဲကို ဖောက်ထွင်းခိုးယူသွားတာဖြစ်ပြီး နယ်သာလန် ရဲတွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ပန်းချီကျော် ဗင်းဆင့် ဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ “Spring Garden” ဆိုတဲ့ ပန်းချီကားကို လာရန်ရှိ Singer Laren ပြတိုက်ကနေ ဂရိုနင်ဂါ ပြတိုက်က ခေတ္တ ငှားရမ်းပြသထားချိန် အခုလို အခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

ဗန်ဂိုးရဲ့ ပန်းချီကား ဆုံးရှုံးရတာ သူတို့ပြတိုက်အတွက်သာမက တစ်နိုင်ငံလုံးအတွက် ဆုံးရှုံးတာ ဖြစ်တယ်လို့ Singer Laren ပြတိုက်က အနုပညာ သမိုင်းပညာရှင်နဲ့ ဒါရိုက်တာဖြစ်သူ ယန်း ရူးဒေါ့ဖ် ဒီ လိုရမ်က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်သာလန်မှာ COVID-19 ကြောင့် ပြတိုက်ပိတ်ထားစဉ် ဗန်ဂိုး ပန်းချီကား ခိုးယူခံရ

နယ်သာလန်နိုင်ငံမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်ဖို့ ပိတ်ထားတဲ့ ပြတိုက်ကနေ ပန်းချီကျော် ဗင်းဆင့် ဗန်ဂိုးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားတစ်ချပ် အခိုးခံလိုက်ရပါတယ်။

ညသန်းခေါင်ယံမှာ ပြတိုက်ထဲကို ဖောက်ထွင်းခိုးယူသွားတာဖြစ်ပြီး နယ်သာလန် ရဲတွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ပန်းချီကျော် ဗင်းဆင့် ဗန်ဂိုး ၁၈၈၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ “Spring Garden” ဆိုတဲ့ ပန်းချီကားကို လာရန်ရှိ Singer Laren ပြတိုက်ကနေ ဂရိုနင်ဂါ ပြတိုက်က ခေတ္တ ငှားရမ်းပြသထားချိန် အခုလို အခိုးခံလိုက်ရတာ ဖြစ်ပါတယ်။

ဗန်ဂိးရဲ့ ပန်းချီကား ဆုံးရှုံးရတာ သူတို့ပြတိုက်အတွက်သာမက တစ်နိုင်ငံလုံးအတွက် ဆုံးရှုံးတာ ဖြစ်တယ်လို့ Singer Laren ပြတိုက်က အနုပညာ သမိုင်းပညာရှင်နဲ့ ဒါရိုက်တာဖြစ်သူ ယန်း ရူးဒေါ့ဖ် ဒီ လိုရမ်က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)