တားမြစ်ချက်ကို မလိုက်နာဘဲ ဆုတောင်းပွဲ ကျင်းပတဲ့ အမေရိကန် ဓမ္မဆရာ အဖမ်းခံရ

0
265

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဓမ္မဆရာ တစ်ဦးဟာ အစိုးရရဲ့ လူစုလူဝေး မလုပ်ရ တားမြစ်ချက်ကို ဖောက်ဖျက်တဲ့အတွက် ရဲက မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာစိုးတဲ့အတွက် လူစုလူဝေးလုပ်တာကို တားမြစ်ထားပေမယ့် ဓမ္မဆရာ ရော့ဒ်နီ ဟောင်းဝပ်ဒ်-ဘရောင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရေးဗားရှိ တမ်ပါ ဘေ ဘုရားကျောင်းမှာ မှာ လူ ၅၀၀ တက်ရောက်တဲ့ ဆုတောင်းပွဲကို ကျင်းပခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဓမ္မဆရာကို တရားမဝင် လူစုဝေးမှု၊ ကျန်းမာရေးအတွက် အရေးပေါ် ထုတ်ပြန်ချက်ကို မလိုက်နာမှုတွေနဲ့ အမှုဖွင့်လိုက်ပြီး ဒီအမှုတွေဟာ ထောင်ဒဏ် နှစ်လနဲ့ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၅၀၀ အတပ်ခံရနိုင်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)