အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် တွေစုဝေးပြီး ဂျကာတာမြို့တော်ဝန် နုတ်ထွက်ပေးဖို့ ဆန္ဒပြ

0
263

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အစ္စလာမ် ဘာသာဝင် ထောင်ပေါင်းများစွာဟာ လက်ရှိဂျကာတာမြို့တော်ဝန်ကို နုတ်ထွက်ပေးဖို့ မတ်လ ၃၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းကို စော်ကားပြောဆိုတယ်လို့ စွပ်စွဲခံရတဲ့ ဂျကာတာမြို့တော်ဝန် ဘာဆူကီ အာဟွတ် ဂျာဟာဂျာ ပါနားမားဟာ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ပြီး လက်ရှိမှာ စုံစမ်းစစ်ဆေးခြင်း ခံနေရပါတယ်။

ဆန္ဒပြသူတွေဟာ လက်ရှိမြို့တော်ဝန် အာဟွတ်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ ဂျကာတာ မြို့ထဲက ဗလီတစ်ခုမှာ စုရုံးခဲ့ကြပြီး ရဲနဲ့စစ်တပ်က နေရာယူထားတဲ့ကြားကနေ သမ္မတနန်းတော်ကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားတဲ့ ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်တဲ့ ယူဆပ်ဖ်ကာလာ က ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ဒီလိုဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲ မစတင်ခင်မှာပဲ ရဲတွေဟာ လူငါးဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ အစ္စလာမ်မစ် ပြည်သူ့ဖိုရမ်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက်အယ်လ်ခါသဒ်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အစွန်းရောက် အစ္စလာမ်တပ်ဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိခံရသူလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)