တောင်တရုတ် ပင်လယ်ဆိုင်ရာ ဥပဒေမူကြမ်း အာဆီယံ နဲ့ တရုတ် အငြင်းပွား

0
244

အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံက ထိပ်တန်း အရာရှိတွေဟာ တောင်တရုတ် ပင်လယ် နဲ့ သက်ဆိုင်တဲ့ ဥပဒေမူကြမ်းကို အကြိမ် ၂၀ မြောက် တရုတ် – အာဆီယံ ပူးတွဲအစည်းအဝေးပွဲမှာ ရေးဆွဲခဲ့ကြပြီး အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီ ဥပဒေမူကြမ်း နဲ့ အစည်းအဝေးပွဲထဲက ဆွေးနွေးချက်တွေကို အာဆီယံ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ အသီးသီးတို့က မိမိ နိုင်ငံ အသီးသီးကို ပြန်လည် ယူဆောင်သွားခဲ့ကြပြီး ကျန်ရှိတဲ့ ဆွေးနွေး စရာတွေကို မေလ အတွင်း တရုတ်နိုင်ငံထဲမှာ ထပ်မံကျင်းပမယ့် ထပ်သီးအစည်းအဝေးပွဲမှာ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံဟာ အဲဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေး ငြင်းခုန်ခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံတွေဘက်က ပြောဆိုချက်တွေအရ တရုတ်နိုင်ငံဟာ အဲဒီဆွေးနွေးပွဲကို တစ်ဦးတည်း ဦးဆောင်ခဲ့ပြီး သူအလိုရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပဲ တင်ပြ ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတစ်ဖက်သတ် ဆွေးနွေးမှုကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ စင်ကာပူနိုင်ငံတွေနဲ့လည်း အပြင်းအထန် ငြင်းခုန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်အတွင်းက နေရာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အဓိက အငြင်းပွားနေတဲ့ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်နိုင်ငံ တို့အကြား ဆွေးနွေးငြင်းခုံမှုတွေက အဓိက အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဆွေးနွေးပွဲကနေ ထွက်ရှိလာတဲ့ တောင်

တရုတ်ပင်လယ်နဲ့ သက်ဆိုင်တဲ့ ဥပဒေမူကြမ်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)