မိန်းမတွေ ပြည့်တန်ဆာလုပ်တာ ယောက်ျားတွေ လက်ဝှေ့သမားနဲ့ စစ်သားလုပ်တာလောက် မဆိုးဘူးလို့ စီးပွားရေး ပါရဂူပြော

0
286

ကိန်းဘရစ်ခ်ျ တက္ကသိုလ်က စီးပွားရေး ပါရဂူ ဒေါက်တာ ဗစ်တိုးရီးယား ဘိတ်မန်းက မိန်းမတွေဟာ ငွေကြေးအလို့ငှာ သူတို့ခန္ဓာကိုယ်ကိုယ်ကို သူတို့ အသုံးချဖို့ အခွင့်အရေး ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ယောက်ျားတွေ လက်ဝှေ့ထိုးတာ၊ စစ်သားလုပ်တာတွေဟာလည်း သူတစ်ပါးကို ထိခိုက်ဒဏ်ရာရဖို့၊ အကြမ်းဖက်ဖို့ဖြစ်လို့ ပြည့်တန်ဆာလုပ်တာ အဲဒီလို အလုပ်တွေလောက် မဆိုးဝါးပါဘူးလို့ သူမက ပြောဆိုတာပါ။

ဒေါက်တာ ဘိတ်မန်းဟာ မနှစ်က ဇူလိုင်လမှာလည်း ဗြိတိန်က ဥရောပ သမဂ္ဂက ခွဲထွက်မယ့် ဘရက်ဇစ် (Brexit) ရလဒ်ကို ဆန္ဒပြတဲ့အနေနဲ့ ပညာရေး အစည်းအဝေးတစ်ခုကို ကိုယ်လုံးတီးနဲ့ တက်ရောက်ခဲ့ပါတယ်။

သူမရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ “ဘရက်ဇစ် ဟာ ဗြိတိန်ကို လုံးတီးဖြစ်ကျန်စေလိမ့်မယ်” လို့ ရေးထားပြီး စီးပွားရေး ပညာရှင်တွေနဲ့ ညွှန်ကြားရေးမှူးတွေ ၃၀ လောက် တက်ရောက်တဲ့ ဌာနတွင်း အစည်းအဝေးကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ချာချီကောလိပ်က ညွှန်ကြားရေးမှူး နီဂယ် နိုက် ဥက္ကဋ္ဌလုပ်ပြီး နှစ်နာရီကြာ ကျင်းပတဲ့ အဲဒီ အစည်းအဝေးမှာ သူမ ကိုယ်လုံးတီးနဲ့ တက်လာတာကို ဘယ်သူကမှ ဘာမှ မပြောကြဘဲ အစည်းအဝေးကို ပုံမှန်အတိုင်းကျင်းပခဲ့ပါတယ်။

ဒေါက်တာ ဘိတ်မန်းဟာ ပန်းချီဆရာ အန်ထော်နီ ကွန်နယ်လီဆီမှာလည်း ကိုယ်လုံးတီး ချွတ်ပြီး ပန်းချီအဆွဲခံဖူးပါတယ်။ အဲဒီ ကိုယ်လုံးတီး ပုံတူပန်းချီကို ပုံတူပန်းချီဆရာများ တော်ဝင် အသင်း ပြပွဲမှာ မနှစ်က ပြသခဲ့ပါတယ်။

သူမဟာ စီးပွားရေး ပညာရှင်၊ မ ဝါဒီတစ်ဦး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)