အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံ အပေါ်သည်းခံစိတ်ကုန်ဆုံးနေပြီလို့တရုတ်ကို သတိပေး

0
270

 

အမေရိကန် နိုင်ငံအနေနဲ့မြောက်ကိုးရီးယားနိုင်ငံအပေါ်သည်းခံစိတ်ကုန်ဆုံးနေပြီလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟယ်လေ ကတရုတ်နိုင်ငံကိုပြောဆိုလိုက်ပါတယ်။

တရုတ်အစိုးရအနေနဲ့လည်းမြောက်ကိုးရီးယားနိုင်ငံအနေနဲ့ နျူကလီးယားဗုံး စမ်းသပ်မှုတွေရပ်တန့်ဖို့ ဖိအားပိုပေးရမယ်လို့လည်း သူမကပြောဆိုလိုက်ပါတယ် ။ 

တရုတ်အစိုးရအနေနဲ့ မြောက်ကိုးရီးယားနိုင်ငံ ရဲ့တရုတ်နိုင်ငံအတွက် ကျောက်မီးသွေး တင်ပို့မှုကို ရပ်ဆိုင်းပြီး မြောက်ကိုးရီးယားအစိုးရကို ဖိအားပေးနိုင်တယ်လို့ ဟယ်လေ ကဆိုပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကမြောက်ကိုးရီးယားနိုင်ငံဆီကကျာက်မီးသွေးတင်သွင်းမှုကိုရပ်တန့်ခဲ့ပေမယ့် အခြားနည်းလမ်းပေါင်းစုံနဲ့ကျောက်မီးသွေးတွေကို တင်သွင်းနေဆဲဖြစ်တယ်လို့လည်း ကုလသမ္မဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကဆိုပါတယ်။

မြောက်ကိုးရီးယားနဲ့ ပတ်သက်ပြီးဒီအခြေအနေအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မတို့အနေနဲ့ဒီအတိုင်းထိုင်နေတော့မှာမဟုတ်ဘူးလို့ လည်းသူမကဆက်လက်ပြောဆိုလိုက်ပါတယ်။

နောက်လာမယ့် ကြာသာပတေး နေ့မှာ သမ္မတဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ မှာ တွ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကလည်းအဲဒီဆွေးနွေးပွဲဟာ ခက်ခဲနိုင်တယ်တဲ့ အခြေအနေမှာရှိတယ်လို့ သူ့ရဲ့ Tweeter အကောင့်မှာဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)