အိန္ဒိယက တော်ပီဒို ဒုံးကျည်တွေ မြန်မာရေတပ်ကို ပေးမယ်

0
352

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်အရ ဒေါ်လာ၃၇ သန်းကျော် တန်ဖိုးရှိတဲ့ အပေါ့စား အိန္ဒိယဖြစ် တော်ပီဒို ဒုံးကျည်တွေ ပေးအပ်မယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ အိန္ဒိယဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီရဲ့ အရှေ့မျှော် ပေါ်လစီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အရှေ့မျှော် ပေါ်လစီကို ၁၉၉၀ ဝန်းကျင်က ဝန်ကြီးချုပ် နာရာစီမာ ရာအိုက စတင် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိန္ဒိယဟာ ကုန်းမြေချင်း ထိစပ်ရုံသာမက အန်ဒမန်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့နဲ့လည်း ဆက်စပ်နေတဲ့အတွက် ငါးခိုးဖမ်းတာကနေ လူမှောင်ခိုကူးမှုတွေအထိ ပြဿနာတွေ အများကြီး ဖြေရှင်းစရာ ရှိပါတယ်။

အိန္ဒိယ ရေတပ်ဟာ မြန်မာရေတပ်ကို စွမ်းဆောင်ရည် မြှင့်တင်ရေး၊ စစ်သုံးပစ္စည်းများ ရောင်းချပေးရေးတွေကို လုပ်ဆောင်ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)