မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံနေရတဲ့ မလေးရှားတွေ အိမ်ပြန်ခွင့်ရပြီ

0
305

နှစ်နိုင်ငံ သံတမန်တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့မှုတွေကို ဖြေလျော့ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ မလေးရှားလူမျိုး ၉ ဦး ဒီကနေ့ မတ်လ ၃၁ရက်နေ့မှာ နေရပ်ပြန်နိုင်ခဲ့ပြီး ကွာလာလမ်ပူလေဆိပ်မှာ မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ကွာလာလန်ပူမှာ ကင်ဂျုံနန် အသတ်ခံရမှုကြောင့် မြောက်ကိုရီးယား-မလေးရှားနှစ်နိုင်ငံအကြား တစ်ဖက်နိုင်ငံသားကိုမိခင် နိုင်ငံပြန်ခွင့်မပြုတဲ့အထိ သံတမန်တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။

မလေးရှားနိုင်ငံကလည်း ကင်ဂျုံနန်အလောင်းကို မြောက်ကိုရီးယားနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ မစ္စတာကင်ဂျုံနန် သတ်ဖြတ်ခံရမှုကို ပြုံယမ်းအစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားမှု ရှိခဲ့တယ်ဆိုတဲ့ သံသယတွေလည်း ပျံ့နှံ့နေပါတယ်။

ကင်ဂျုံနန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အဖေတူအမေကွဲ အစ်ကိုဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံပြင်မှာ နေထိုင်သူလည်း ဖြစ်ပါတယ်။ ကင်ဂျုံနန်ဟာ နိုင်ငံရေးအမြင်အရ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့လုပ်ဆောင်မှုတွေအပေါ်မှာ ဝေဖန်ပြောဆိုလေ့ရှိသူဖြစ်ပြီး ပျော်ပျော်နေတတ်သူ တစ်ဦးဖြစ်ကြောင်း သူ့ရဲ့မိတ်ဆွေတွေက ပြောပြခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)