အကျင့်ပျက် ခြစားမှုနဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို ဖမ်းပြီ

0
230

ဖယ်ရှားခံလိုက်ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီ ဖြစ်ပါတယ်။

သူမအတွက် ဖမ်းဝရမ်းကို တရားရုံးတစ်ခုက အတည်ပြုပေးခဲ့ပြီး နောက်မှာ အသက် ၆၅ နှစ်အရွယ် မစ္စပတ်ခ်ကို ဆိုးလ်မြို့တော်တောင်ပိုင်းရှိ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခံခဲ့ပါတယ်။

မစ္စပတ်ခ်ဟာ ရင်းနှီးတဲ့မိတ်ဆွေ ချောင်ဆွန်စီးလ်နဲ့ ပူးပေါင်းပြီး ဆမ်ဆောင်းအပါအ၀င် ကုမ္ပဏီကြီးတွေဆီကနေ ငွေညှစ်ခဲ့တယ်လို့ စွပ်စွဲခံနေ ရတာဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ သမ္မတနေရာကနေ ဖယ်ရှားခံခဲ့ရတဲ့ မစ္စပတ်ခ်ကတော့ အဆိုပါစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။
မစ္စပတ်ခ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးသမိုင်းမှာ တတိယအကြိမ်မြောက် ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ သမ္မတဟောင်း ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)