ဥရောပ သမဂ္ဂ ကိုယ်စားလှယ်တွေ မောင်တောမှာ လေ့လာ

0
251

ဥရောပ သမဂ္ဂ အဖွဲ့ဝင်ထဲက ၁၀ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ပဋိပက္ခနဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လေ့လာဖို့ ရောက်ရှိနေကြပါတယ်။

ရန်ကုန် အခြေစိုက် ဥရောပ သမဂ္ဂရုံးက နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ကောလင်း စတိန်းဘက်ခ်ျ ဦးဆောင်တဲ့ အဖွဲ့ဟာ မောင်တောကို လေ့လာရေးခရီး မတ်လ ၂၈ ရက်နေ့က စပြီး သုံးရက်ကြာ လာရောက်တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ကိုယ်စားလှယ်တွေဟာ အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ထားပြီး မြန်မာ အစိုးရက အဲဒီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ထားပါတယ်။

ကျွန်မတို့ နိုင်ငံရဲ့ လိုအပ်ချက်တွေ ကျွန်မတို့က နားအလည်ဆုံးပဲ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံခဲ့ဘူး၊ ကျွန်မတို့ နိုင်ငံနဲ့ မကိုက်ညီဘူးလို့ ယူဆလို့ လက်မခံတာ ဖြစ်တယ်လို့ မနေ့ည မတ်လ ၃၀ ရက်နေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)