သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းသူတွေကိုအရေးယူနိုင်ဖို့ အီတလီရဲတပ်ဖွဲ့ ပြိုင်ကားတစ်စီးဝယ်ယူ

0
313

သတ်မှတ်အမြန်နှုန်းထက်ပိုမိုမောင်းနှင်တဲ့ ယာဉ်မောင်းတွေကို လိုက်လံဖမ်းဆီးဖို့အတွက်
အီတလီရဲတပ်ဖွဲ့က ပြိုင်ကားတစ်စီး ၀ယ်ယူလိုက်ပါတယ်။

အီတလီရဲတပ်ဖွဲ့က ၀ယ်ယူလိုက်တဲ့ကားဟာ Lamborghini အမျိုးအစားပြိုင်ကားဖြစ်ပြီး တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိမာင်းနှင်နိုင်တဲ့ ကားအမျိုး အစားဖြစ်ပါတယ်။

၃.၂ စက္ကန့်အတွင်းမှာ တစ်နာရီ ကီလိုမီတာ၁၀၀ အထိမြန်နှုန်းမြှင့်တင်နိုင်တဲ့ အဲဒီပြိုင်ကားဟာ Lamborghini ကားကုမ္မဏီကနေနောက် ဆုံးထုတ်လုပ်လိုက်တဲ့  ပြိုင်ကားအမျိုးအစားဖြစ်ပါတယ်။

အီတလီရဲတပ်ဖွဲ့ဟာယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် အခုလိုပြိုင်ကားဝယ်ယူမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ပထမအကြိမ်ပြိုင်ကားဝယ်ယူမှုကို ၂၀၀၉ ခုနှစ်မှာပြုလုပ်ခဲ့ပြီး ယာဉ်မတော်တဆထိခိုက်မှုတွေမှာသွေးအရေးပေါ်လိုအပ်လာရင် သယ်ယူပို့ဆောင်ပေးဖို့ နဲ့ ကိုယ်လက်အင်္ဂါထိခိုက်သူတွေအတွက် အစားထိုးအင်္ဂါအစိတ်အပိုင်းတွေကိုသယ်ယူပို့ဆောင်
ပေးဖို့အတွက် ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)