အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ထမ်းအမျိုးသမီး ဖမ်းဆီးခံရ

0
267

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၀န်ထမ်းတစ်ဦးကို တရုတ်သူလျှိုတွေဆီကနေ တံစိုးလက်ဆောင်ရယူမှုနဲ့ ဖမ်းဆီးတရားစွဲဆို
လိုက်ပါတယ်။

ကန်ဒေ့စ်ကလေဘွန်းလို့ခေါ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက ၀န်ထမ်းအမျိုးသမီးဟာ တရုတ်သူလျှိုတွေဆီက ဒေါ်လာထောင်ပေါင်းများ စွာ ရယူခဲ့တာဖြစ်ပါတယ်။

သူမကို ၀ါရှင်တန်ဒီစီက တရားရုံးမှာ တရုတ်ထောက်လှမ်းရေးအရာရှိတွေနဲ့ တရားမ၀င် ဆက်သွယ်မှုနဲ့ FBI ကို လိမ်ညာမှုတွေနဲ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အသက် ၆၀ အရွယ် ကန်ဒေ့စ်ကလေဘွန်းဟာ အဲဒီတရုတ်အရာရှိတွေကို သူလျှိုမှန်းသိနေပေမယ့် Apple လက်တော့ပ် တစ်လုံး နဲ့ ဒေါ်လာငွေ ထောင်ပေါင်းများစွာကို လက်ခံခဲ့တာကြောင့် ဖမ်းဆီးရုံးတင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

သူမဟာ အဲဒီတရုတ်သူလျှိုတွေကို အမေရိကန်ရဲတွေရဲ့ စုံစမ်းစစ် ဆေးမှုတွေကနေလည်း အကာအကွယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အမည်မဖော်ပြထားတဲ့ တရုတ်သူလျှို နှစ်ယောက်ဟာ ရှန်ဟိုင်းလုံခြုံရေးဗျူရိုက သူလျှိုတွေဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)