ကမာၻ႔ပထမဆံုး အာကာသ ေဆး႐ံု UAE ေဆာက္မယ္

0
2248

ကမာၻ႔ ပထမဆံုး အာကာသ ေဆး႐ံုကို တည္ေဆာက္ဖို႔ စီစဥ္ေနတယ္လို႔ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

အာကာသထဲမွာ ဖြင့္မယ့္ ဒီေဆး႐ံုဟာ UAE ရဲ႕ အမ်ိဳးသား အာကာသ အစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ရပ္ျဖစ္ၿပီး အာကာသယာဥ္မႉးေတြအတြက္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ကမာၻေျမေပၚက ဆရာဝန္ေတြက နာႏိုနည္းပညာ အကူအညီနဲ႔ အာကာသယာဥ္မႉးေတြကို ေဆးကုသမႈ လုပ္ေဆာင္ေပးမွာ ျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာ ကယ္သြန္ အယ္လ္ ဘာလူရွီက ေျပာပါတယ္။

အာကာသထဲ မပို႔လႊတ္ခင္ ေဆး႐ံုကို စမ္းသပ္ဦးမွာ ျဖစ္ၿပီး မားစ္ၿဂိဳလ္ မ်က္ႏွာျပင္ကို ေလ့လာမယ့္ ၿဂိဳဟ္တုနဲ႔ တစ္ၿပိဳင္နက္ ၂၀၂၀ မွာ လႊတ္တင္ဖို႔ စီစဥ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့ပထမဆုံး အာကာသ ဆေးရုံ UAE ဆောက်မယ်

ကမ္ဘာ့ ပထမဆုံး အာကာသ ဆေးရုံကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ အာရပ်စော်ဘွားများနိုင်ငံ (UAE) ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အာကာသထဲမှာ ဖွင့်မယ့် ဒီဆေးရုံဟာ UAE ရဲ့ အမျိုးသား အာကာသ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အာကာသယာဉ်မှူးတွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာမြေပေါ်က ဆရာဝန်တွေက နာနိုနည်းပညာ အကူအညီနဲ့ အာကာသယာဉ်မှူးတွေကို ဆေးကုသမှု လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ ကယ်သွန် အယ်လ် ဘာလူရှီက ပြောပါတယ်။

အာကထဲ မပို့လွှတ်ခင် ဆေးရုံကို စမ်းသပ်ဦးမှာ ဖြစ်ပြီး မားစ်ဂြိုလ် မျက်နှာပြင်ကို လေ့လာမယ့် ဂြိုဟ်တုနဲ့ တစ်ပြိုင်နက် ၂၀၂၀ မှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)