ဂြမ္တာနာမို အက်ဥ္းစခန္းကို ဆက္ထားဖို႔ သမၼတ ထရမ့္ ညႊန္ၾကား

0
2211

အေမရိကန္ သမၼတေဟာင္း ဘားရတ္ အိုဘားမား လက္ထက္တုန္းက ပိတ္ပစ္ဖို႔ စီစဥ္ထားတဲ့ ဂြမ္တာနာမို အက်ဥ္းစခန္းကို ဆက္ထားရွိဖို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က လက္မွတ္ထိုး ညႊန္ၾကားလိုက္ပါတယ္။

သမၼတ အိုဘားမား အိမ္ျဖဴေတာ္ကို ၂၀၀၉ ခုႏွစ္မွာ ေရာက္ရွိစဥ္ ပထမဆံုး လုပ္ေဆာင္တဲ့ အလုပ္ေတြထဲက တစ္ခုက က်ဴးဘားရွိ အေမရိကန္ စစ္အေျခစိုက္ စခန္းမွာ ဖြင့္ထားတဲ့ အျငင္းပြားဖြယ္ ဂြမ္တာနာမို ေထာင္ကို ပိတ္ပစ္ဖို႔ ညႊန္ၾကားခ်က္ ျဖစ္ပါတယ္။

ဂြမ္တာနာမို အက်ဥ္းစခန္းရွိ အက်ဥ္းသား အေရအတြက္ကိုလည္း မစၥတာ အိုဘားမားက ေလွ်ာ့ခ်ခဲ့ၿပီး အခုလက္ရွိမွာ အက်ဥ္းသား ၄၁ ဦးပဲ ရွိပါတယ္။

အရင္တုန္းက အႏၱရာယ္ရွိတဲ့ ရာေပါင္းမ်ားစြာေသာ အၾကမ္းဖက္သမားေတြကို မိုက္မဲစြာ လႊတ္ေပးခဲ့မိလို႔ IS အၾကမ္းဖက္ ေခါင္းေဆာင္ အယ္လ္ ဘာဂါဒီ အပါအဝင္ အၾကမ္းဖက္သမားေတြကို အခု စစ္ေျမျပင္မွာ ျပန္ဆံုေနရပါတယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂွမ်တာနာမို အကျဉ်းစခန်းကို ဆက်ထားဖို့ သမ္မတ ထရမ့် ညွှန်ကြား

အမေရိကန် သမ္မတဟောင်း ဘားရတ် အိုဘားမား လက်ထက်တုန်းက ပိတ်ပစ်ဖို့ စီစဉ်ထားတဲ့ ဂွမ်တာနာမို အကျဉ်းစခန်းကို ဆက်ထားရှိဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က လက်မှတ်ထိုး ညွှန်ကြားလိုက်ပါတယ်။

သမ္မတ အိုဘားမား အိမ်ဖြူတော်ကို ၂၀ဝ၉ ခုနှစ်မှာ ရောက်ရှိစဉ် ပထမဆုံး လုပ်ဆောင်တဲ့ အလုပ်တွေထဲက တစ်ခုက ကျူးဘားရှိ အမေရိကန် စစ်အခြေစိုက် စခန်းမှာ ဖွင့်ထားတဲ့ အငြင်းပွားဖွယ် ဂွမ်တာနာမို ထောင်ကို ပိတ်ပစ်ဖို့ ညွှန်ကြားချက် ဖြစ်ပါတယ်။

ဂွမ်တာနာမို အကျဉ်းစခန်းရှိ အကျဉ်းသား အရေအတွက်ကိုလည်း မစ္စတာ အိုဘားမားက လျှော့ချခဲ့ပြီး အခုလက်ရှိမှာ အကျဉ်းသား ၄၁ ဦးပဲ ရှိပါတယ်။

အရင်တုန်းက အန္တရာယ်ရှိတဲ့ ရာပေါင်းများစွာသော အကြမ်းဖက်သမားတွေကို မိုက်မဲစွာ လွှတ်ပေးခဲ့မိလို့ IS အကြမ်းဖက် ခေါင်းဆောင် အယ်လ် ဘာဂါဒီ အပါအဝင် အကြမ်းဖက်သမားတွေကို အခု စစ်မြေပြင်မှာ ပြန်ဆုံနေရပါတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)