
0
3545




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝတ်ပြုမှုကို ဦးဆောင်တဲ့ မွတ်စလင် အမျိုးသမီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

သောကြာနေ့ ဝတ်ပြုမှုမှာ ဦးဆောင်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာသူ အသက် ၃၄ နှစ်အရွယ် ဂျမီဒါ ဘီဗီဟာ အစ္စလာမ် အစဉ်အလာကို အာခံတယ်ဆိုပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။

အိန္ဒိယနိုင်ငံ၊ ကေရာလာ၊ မလပ်ပူရမ်ရှိ ဂျူမူအာ နမက်ဇ်မှာ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်စလုံးကို ဂျမီဒါက ဦးဆောင်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က ဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အမျိုးသားကသာ ဝတ်ပြုမှုကို ဦးဆောင်တာ ဖြစ်ပါတယ်။ ဂျမီဒါက ဂျန်ဒါ တန်းတူညီမျှရေးတရားကိုလည်း ဟောခဲ့ပါသေးတယ်။

သူ့ကို အစွန်းရောက်တွေက အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိပေမယ့် အစဉ်အလာကို ဆန့်ကျင်ပြီး တန်းတူညီမျှရေးကို ဆက်လုပ်မယ်လို့ ဂျမီဒါက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)