ကိုယ္ပိုင္ ဂ်က္ေလယာဥ္နဲ႔ ကိုကင္း ေပါင္ သန္း ၅၀ ဖိုး သယ္ေဆာင္သူေတြ အဖမ္းခံရ

0
2174

ကိုယ္ပိုင္ေလယာဥ္ တစ္စင္းနဲ႔ စတာလင္ေပါင္ သန္း ၅၀ တန္ဖိုးရွိ ကိုကင္း မူးယစ္ေဆးေတြ သယ္ေဆာင္လာတဲ့ အမ်ိဳးသား ၅ ဦးကုိ မေန႔ ဇန္န၀ါရီလ ၃၀ ရက္ေန႔က ၿဗိတိန္ႏိုင္ငံမွာ ဖမ္းဆီးလိုက္ပါတယ္။

အဲ့ဒီ ဂ်က္ေလယာဥ္ဟာ ကိုလံဘီယာႏိုင္ငံ၊ ဘိုဂိုတာၿမိဳ႕ကေန ၿဗိတိန္ကုိ ပ်ံသန္းလာတာျဖစ္ၿပီး ကုိကင္း မူးယစ္ေဆး ၅၀၀ ကီလုိဂရမ္ကို အဝတ္ေသတၱာ ၁၅ လံုးထဲ ထည့္ၿပီး သယ္ေဆာင္လာတာ ျဖစ္ပါတယ္။

သယ္ေဆာင္လာသူ ၅ ဦးကေတာ့ ၿဗိတိန္ ၂ ဦး၊ စပိန္ ၂ ဦးနဲ႔ အီတလီႏုိင္ငံသား ၁ ဦးတို႔ ျဖစ္ၿပီး ဟမ့္ပ္႐ိႈင္းယားရွိ ဖန္ဘေရာ့ဂ်္ ေလဆိပ္မွာ ဆင္းသက္စဥ္ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ကိုကင်း ပေါင် သန်း ၅၀ ဖိုး သယ်ဆောင်သူတွေ အဖမ်းခံရ

ကိုယ်ပိုင်လေယာဉ် တစ်စင်းနဲ့ စတာလင်ပေါင် သန်း ၅၀ တန်ဖိုးရှိ ကိုကင်း မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ အမျိုးသား ၅ ဦးကို မနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးလိုက်ပါတယ်။

အဲ့ဒီ ဂျက်လေယာဉ်ဟာ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့ကနေ ဗြိတိန်ကို ပျံသန်းလာတာဖြစ်ပြီး ကိုကင်း မူးယစ်ဆေး ၅၀ဝ ကီလိုဂရမ်ကို အဝတ်သေတ္တာ ၁၅ လုံးထဲ ထည့်ပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။

သယ်ဆောင်လာသူ ၅ ဦးကတော့ ဗြိတိန် ၂ ဦး၊ စပိန် ၂ ဦးနဲ့ အီတလီနိုင်ငံသား ၁ ဦးတို့ ဖြစ်ပြီး ဟမ့်ပ်ရှိုင်းယားရှိ ဖန်ဘရော့ဂျ် လေဆိပ်မှာ ဆင်းသက်စဉ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)